v စာမျက်နှာ ၆ မှ ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးနှင့် အကြမ်းဖက်လုပ်ရပ်များ တိုက်ဖျက်ရေးအတွက် အကြမ်းဖက်မှုနှိမ်နင်းရေးနဲ့ နိုင်ငံတည်ငြိမ်မှု စစ်ဆင်ရေး (Counter-terrorism and Stability Operation)

နေပြည်တော်  နိုဝင်ဘာ  ၇


မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး   လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲကို ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာပုံခန်းမ၌ ပြုလုပ်ရာ   မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊    ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။


ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က  အဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာ ကူညီပူးပေါင်းဆောင်ရွက်ခဲ့သည့်     ကျန်းမာရေး ဝန်ထမ်းများ၊  တပ်မတော်သားများနှင့်   စေတနာ့ ဝန်ထမ်းများကို  ဂုဏ်ပြုလက်ဆောင်နှင့်  ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။  ယင်းနောက်  မန္တလေးတိုင်း ဒေသကြီး  ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန  တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်း အနားကို  အစီအစဉ်အတိုင်း  ဆက်လက်ကျင်းပခဲ့ ကြောင်း သိရသည်။

သတင်းစဉ်