ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ    ၇


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင် ဘာ  ၆  ရက်က   ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သမီး     နှစ်ဦးကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ် မြဝတီ မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၇၅ ဦး၊ အမျိုးသမီး ၂၂၂ ဦး စုစုပေါင်း ၄၉၇ ဦးတို့ကို လည်းကောင်း လက်ခံခဲ့ကြသည်။ 

 


ထိုသို့လက်ခံရာတွင် သက်ဆိုင် ရာပြည်သူ့ဆေးရုံများမှ ကျန်းမာ ရေးဆိုင်ရာ      တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉   ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရ မည့် အထောက်အထား စာရွက် စာတမ်းများ       ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်များကို ရှင်းလင်းပြော ကြားခြင်းတို့ကို စနစ်တကျဆောင် ရွက်ပေးပြီး      တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများ၊ ဌာန  ဆိုင်ရာတာဝန်ရှိသူများက လိုအပ် သည်များ ကူညီဆောင်ရွက်ပေး ကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီး သီးသို့    လိုက်လံပို့ဆောင်ပေးခဲ့ ကြောင်းနှင့်  ရောဂါပိုးတွေ့ရှိသူ များအား သက်ဆိုင်ရာနေရာများ တွင်   သီးသန့်ထားရှိ၍    လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်