ကာကွယ်ဆေး ထိုးနှံပေးရာတွင် တက္ကသိုလ်၊ ကောလိပ်/ ဒီဂရီကောလိပ်များ၌ စာရင်းပေးသွင်းတက်ရောက်နေသူ ကျောင်းသား ကျောင်းသူများကို ဦးစားပေးထိုးနှံပေးမည်

 

နေပြည်တော်   နိုဝင်ဘာ    ၃


တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်း သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကျန်းမာရေး ဝန်ကြီးဌာန       ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ  သက်ခိုင်ဝင်း က ကိုဗစ်-၁၉ ရောဂါ   ထိန်းချုပ် ကာကွယ်ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး   ထိုးနှံခြင်းသည် မဖြစ်မနေလိုအပ်သော    အချက် တစ်ချက်ဖြစ်၍         နောက်ထပ် အဆင့်တစ်ဆင့်အဖြစ် တက္ကသိုလ်၊ ကောလိပ်/    ဒီဂရီကောလိပ်မှ ကျောင်းသား      ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး    စီစဉ်လျက်ရှိ ပါကြောင်း၊   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    ထိုးနှံပေးလျက် ရှိရာတွင်   ရောဂါကူးစက်မှုနှင့် ရောဂါကြောင့်       သေဆုံးမှုများ လျော့ကျစေရေး၊  နိုင်ငံတော်၏ စီးပွားရေး          အမြန်ပြန်လည် ကောင်းမွန်စေရေးနှင့် ပညာရေး တွင်        နှောင့်နှေးမှုမရှိစေရန် အတွက် ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်၊   ကောလိပ်/  ဒီဂရီ ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင် ရေးအတွက် ရည်ရွယ်ပါကြောင်း။

 


တက္ကသိုလ်နှင့်      ကောလိပ် ကျောင်းများ မကြာခင်ဖွင့်လှစ် နိုင်ရေး        ကြိုးစားဆောင်ရွက် နေခြင်းကြောင့်  တက္ကသိုလ်နှင့် ကောလိပ်များတွင် မှတ်ပုံတင်ထား သော ကျောင်းသား  ကျောင်းသူ များ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး     အမြန်ဆုံးထိုးနှံနိုင်ရေး အတွက်      ကြိုတင်ပြင်ဆင်မှု များ  ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်   မှာကြားခဲ့ပါကြောင်း၊ ယခုအခါ   ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး     နှစ်ကြိမ်ထိုးနှံ ပြီးသူပေါင်း ၇ ဒသမ  ၃  သန်း၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီး သူပေါင်း ၆ ဒသမ ၁ သန်းကျော် ရှိပြီး  ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၁၃  သန်း ကျော်ရှိပြီ ဖြစ်ပါကြောင်း၊   ကာကွယ်ဆေး ထိုးနှံပေးရာတွင်    တက္ကသိုလ်၊ ကောလိပ်/ ဒီဂရီကောလိပ်များ တွင် စာရင်းပေးသွင်းတက်ရောက် နေသူ ကျောင်းသား   ကျောင်းသူ များကို  ဦးစားပေးထိုးနှံပေးမည် ဖြစ်ပြီး အနီးကပ်သင်တန်း စတင် တက်ရောက်မည့်     အဝေးသင် ကျောင်းသား ကျောင်းသူများကို ပါ ထိုးနှံပေးမည် ဖြစ်ပါကြောင်း။

 


သက်ဆိုင်ရာ တက္ကသိုလ်များ မှ ကျောင်းသား ကျောင်းသူများ ဆိုင်ရာ   အချက်အလက်များကို ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲ မှု   သတင်းအချက်အလက်စနစ် (VMIS)တွင်   ကြိုတင်ထည့်သွင်း ခြင်း (pre-registeration)  ကို အချိန်မီဆောင်ရွက်ရန်    ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကောလိပ်မှ            အချို့ ကျောင်းသား          ကျောင်းသူများ အနေဖြင့် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း၊          ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံခြင်း   ခံယူပြီး သူဖြစ်နိုင်ပါ၍ စာရင်းမထပ်စေရေး နှင့် ကာကွယ်ဆေးထပ်မံမထိုးမိ စေရေး သေချာစိစစ်ရမည် ဖြစ်ပါကြောင်း။

 


ကာကွယ်ဆေး        ထိုးနှံမည့် နေရာများအနေဖြင့် တက္ကသိုလ်/ကောလိပ်များတွင်    ဆေးထိုး စုရပ်များ   စီစဉ်ထားရှိမည်ဖြစ်ပါ ကြောင်း၊ ဆေးထိုးနှံမည့်  အချိန် ကာလနှင့်ပတ်သက်ပြီး တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကောလိပ်ကျောင်း များ     ဖွင့်မည့်ရက်ပေါ်မူတည်၍ ဆောင်ရွက်သွားမည်       ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်   ဆောင်ရွက်ပေး ပါသော နှီးနွှယ်ဝန်ကြီးဌာနများ၊ တပ်မတော် (ကြည်း၊ ရေ၊   လေ) သတင်းနှင့်       နည်းပညာဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ကို       အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။

 


ဆက်လက်၍          ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊   စီမံချက် မန်နေဂျာ (ဗဟိုတိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း)က  ကာကွယ် ဆေးထိုးနှံရေး        အစီအစဉ်နှင့် ပတ်သက်၍        လည်းကောင်း၊ တပ်မတော် (ကြည်း၊   ရေ၊ လေ) သတင်းနှင့်နည်းပညာဌာန၊ ဌာန မှူးနှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊     ဒုတိယညွှန်ကြားရေးမှူး ချုပ် (မကူးစက်)တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အတွက် ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှု သတင်းအချက်အလက် စနစ်(VMIS)တွင် စာရင်းရေးသွင်း ခြင်းနှင့်ပတ်သက်၍         လည်း ကောင်း၊  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန၊  ပညာရေးဝန်ကြီးဌာန၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန၊ နယ်စပ် ရေးရာဝန်ကြီးဌာန၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊      သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန၊     အားကစားနှင့် လူငယ်ရေးရာ       ဝန်ကြီးဌာနနှင့် ကျန်းမာရေး  လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့မှ တာဝန်ရှိသူ များက   အသီးသီးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက   တင်ပြ ချက်တစ်ခုချင်းအလိုက်   အသေး စိတ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။  

          
 သတင်းစဉ်