
နေပြည်တော် နိုဝင်ဘာ ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ Myanmar Royal Fortune ကုမ္ပဏီနှင့် Myanmar Royal Golden Elephant Medical Device ကုမ္ပဏီတို့က အနွေးထည် ၄၀၀၀ကို ယနေ့ နံနက်ပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ပြောကြား
ပြည်ထောင်စုဝန်ကြီး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့် လူ့ အသိုက်အဝန်း ပေါ်ပေါက်လာ စေရေးနှင့် အားလုံး အကျုံးဝင် ပြီး ရေရှည်တည်တံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံ စွာ ဖွံ့ဖြိုးတိုးတက် စေရေး မူဝါဒကိုချမှတ်ဆောင် ရွက်နေသည့် ဌာနတစ်ခုဖြစ်ပါ ကြောင်း၊၂၀၂၁ ခုနှစ် ဆောင်း ရာသီကာလများတွင် အား အနည်းငယ်မှ အသင့်အတင့်ရှိ သည့် လာနီညာအဆင့် ရာသီ ဥတုဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်း ထားသည့်အတွက် မြန်မာနိုင်ငံ မြောက်ပိုင်းအပါအဝင် အအေး ပိုင်းဒေသများတွင် အနွေးထည် များ လိုအပ်နိုင်ပါကြောင်း၊ လှူဒါန်းမှုပစ္စည်းများကို ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန် မြို့)မှ တစ်ဆင့် လိုအပ်ချက်ရှိ သော ဒေသများရှိ ပြည်သူများ ကို ဖြန့်ဝေပေးမည် ဖြစ်သည့် အတွက် ကုမ္ပဏီနှစ်ခုက လာရောက် လှူဒါန်းခြင်းအပေါ် အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်