တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေး၊ ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်  အောက်တိုဘာ   ၃၁


တပ်မတော် (ကြည်း၊ရေ၊ လေ)  အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များ၊   သာသနာ့နွယ်ဝင်  သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့  ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့်   လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ      ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး       ကော့သောင်းမြို့ရှိ ပတ္တမြားကျောင်းတိုက်  ရွှေတောင်ကုန်းသာသနာ့ ရိပ်သာကျောင်းတိုက်နှင့်    သာသနာ့ရိပ်သာမြို့ဦး ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အင်းတန်ကျေးရွာရှိ မဟာရတနာလေထီးတပ်ဦး ကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး  ပုသိမ် မြို့  ဓာတုဝိဇ္ဇာဝိပဿနာကျောင်းတိုက်တို့ရှိ ဆရာ တော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလ ရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများ၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ   တာဝန်ရှိသူများက    သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်