ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးမှုရည်မှန်းချက်များနှင့်ချိတ်ဆက်ကာ ဒေသန္တရ (၅) နှစ်စီမံကိန်း၏ ရည်မှန်းချက်နှင့် ဆောင်ရွက်မည့်အစီအစဉ်များ ရေးဆွဲမည်

နေပြည်တော်   အောက်တိုဘာ   ၂၆


၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲခြင်းဆိုင်ရာ  ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ နေပြည်တော်  ကောင်စီဥက္ကဋ္ဌ၊  တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။


ရေးဆွဲဆောင်ရွက်သွားမည်


အစည်းအဝေးတွင်   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဦးဝင်းရှိန်က ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့် အရအသုံးခန့်မှန်းခြေငွေစာရင်း    ရေးဆွဲနိုင်ရေး အတွက်  အခြေခံမည့်   ဒေသန္တရစီမံကိန်း (၂၀၂၂- ၂၀၂၃  ဘဏ္ဍာရေးနှစ်မှ ၂၀၂၆ - ၂၀၂၇  ဘဏ္ဍာရေးနှစ် အထိ) (၅) နှစ်စီမံကိန်းကို ချမှတ်ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊       ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊   ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့ပြီး ယခင်ရေးဆွဲ ပြီးသည့် နှစ်ရှည်စီမံကိန်းများဖြစ်သော အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း      (National Comprehensive Development Plan-NCDP) နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော   ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း   (Myanmar Sustainable Development Plan - MSDP) တို့ကို ပြန်လည်သုံးသပ်၍     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက်  (၉)  ရပ်တို့ကို        အခြေခံမူများအဖြစ်ထားရှိပြီး ပြည်ထောင်စု၏ အမျိုးသားစီမံကိန်း(၅)နှစ် မူဘောင် ကို ဆွေးနွေးထားပြီးဖြစ်ကြောင်း။
အဆိုပါမူဘောင်နှင့် လိုက်လျောညီထွေဖြစ်စေ မည့်  တိုင်းဒေသကြီး၊  ပြည်နယ်များ၏ ဒေသန္တရ စီမံကိန်းမူဘောင်ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ဒေသန္တရစီမံကိန်းများ၌ မိမိတို့ဒေသတွင်း အလား  အလာရှိသည့်လုပ်ငန်းများ၊ ဦးစားပေးဆောင်ရွက် ရန်   လိုအပ်ချက်များ၊   အိမ်နီးချင်းနိုင်ငံများနှင့် ကတိကဝတ်ပြုထားသည့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရေရှည်တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးမှုရည်မှန်းချက်များနှင့်ချိတ်ဆက် ကာ ဒေသန္တရ (၅) နှစ်စီမံကိန်း၏  ရည်မှန်းချက်နှင့် ဆောင်ရွက်မည့်အစီအစဉ်များ    ရေးဆွဲသွားမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ 


ဆက်လက်၍ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်   လုပ်ငန်း စီမံကိန်းများကို ကြိုတင်စိစစ်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ အရအသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲရာတွင်  နိုင်ငံတော်၏  လိုငွေထိန်းနိုင်ရေးနှင့်      ရေရှည်တည်တံ့သည့် ဘတ်ဂျက်သုံးစွဲမှုပုံစံ ဖြစ်စေရေးအတွက် သာမန်နှင့်  ငွေလုံးငွေရင်းစာရင်းများ ရေးဆွဲရာတွင် လိုက်နာရ မည့်ကိစ္စရပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ  ရငွေများ    အပြည့်အဝ    ကောက်ခံနိုင်ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။


ရှင်းလင်းတင်ပြ


ယင်းနောက်  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၂-  ၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရေး နှင့်စပ်လျဉ်း၍ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ် ဒေသန္တရစီမံကိန်း မူဘောင် ရေးဆွဲထားရှိမှုအခြေအနေနှင့် ကဏ္ဍဆိုင်ရာ  လုပ်ငန်းများနှင့်       ဒေသန္တရဆိုင်ရာလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များကို    လည်း ကောင်း၊   ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်းက အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ တိုင်း ဒေသကြီး၊   ပြည်နယ်များသို့   လိုငွေထောက်ပံ့မှု အခြေအနေနှင့်  ချေးငွေဆိုင်ရာကိစ္စရပ်များနှင့်  စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ဆွေးနွေးတင်ပြ


ထို့နောက် တက်ရောက်လာကြသည့် ဝန်ကြီးချုပ် များနှင့်     စီးပွားရေးရာဝန်ကြီးများက    မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စီမံဆောင်ရွက် မည့်အခြေအနေများ၊  ပြည်ထောင်စုမှ  ပေါင်းစပ် ညှိနှိုင်းပေးရန်  လိုအပ်သည့်ကိစ္စရပ်များနှင့်  တိုင်း ဒေသကြီး၊ ပြည်နယ်များမှ အချိန်မီဆောင်ရွက်ပေး မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။ 
ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဦးဝင်းရှိန်က ပြန်လည်ဆွေးနွေးသည်။


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊   တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လက်တွေ့ ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ကာလတို (၅) နှစ် အမျိုးသားစီမံကိန်းနှင့် ဒေသန္တရ စီမံကိန်းများနှင့်ဆက်စပ်၍ ၂၀၂၂ - ၂၀၂၃  ဘဏ္ဍာရေး နှစ် နှစ်စဉ်စီမံကိန်း၊ အရအသုံးခန့်မှန်းခြေငွေစာရင်း  တို့ကို ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေ အရ  နိုင်ငံ၏စီးပွားရေးအခြေအနေ တုံ့ဆိုင်းနေမှု၊ စီးပွားရေးတိုးတက်မှုနှုန်း      ကျဆင်းနေမှုတို့ကို ပြန်လည်ကုစားနိုင်ရေး၊ ကိုဗစ်-၁၉ အလွန်ကာလ  နိုင်ငံ၏စီးပွားရေးအခြေအနေ  ပြန်လည်တည်ငြိမ် တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ရေးဆွဲ ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 
သတင်းစဉ်