ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့်  စားသောက်ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေး

 

 

နေပြည်တော် အောက်တိုဘာ  ၂၆


ကိုဗစ်-၁၉ ရောဂါ   တတိယလှိုင်း ဖြစ်ပွားနေသည့်  ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး  အတွင်းရှိ ပြည်သူများ၏    ဆေးဝါးလိုအပ် ချက်ကို    ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ   လွယ်လင့်တကူ ဝယ်ယူနိုင်ရေးနှင့် အရည်အသွေး နှင့်  ဈေးနှုန်းမှန်ကန်စွာရရှိစေရေး တို့အတွက်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့်  ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှု ဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲ တန်းမြို့နယ်     ကုန်သည်လမ်း နှင့်  ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ     လက်လီ လက်ကား ဖြန့်ဖြူးရောင်းချခြင်း ကို  ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင်လည်း   ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော   ကုမ္ပဏီ ခြောက်ခုမှ  အိမ်သုံးဆေးဝါး ၈၉ မျိုးကို ရောင်းချပေးခဲ့သည်။
အလားတူ ပထမအစီအစဉ် အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့် အလုံမြို့နယ်  ကမ်းနား လမ်း   လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ယနေ့တွင်  ၄၉ ရက်မြောက်နေ့ အဖြစ်  ဆက်လက်ရောင်းချပေး လျက်ရှိသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်  ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် အချို့တွင်လည်း           ရွေ့လျား ဈေးကားဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသား၊ ငါးများနှင့်  စားသောက် ကုန်များကို      ရောင်းချပေးခဲ့ ကြောင်း  သတင်းရရှိသည်။
သတင်းစဉ်