စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာဗဟိုဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၁) ကျင်းပ 


 

နေပြည်တော်   အောက်တိုဘာ   ၂၆


တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့်   လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရန်    ရည်ရွယ်၍   သိပ္ပံနှင့် နည်းပညာဆိုင်ရာ    ဖွံ့ဖြိုးတိုးတက်ရေး  ကွန်ဖရင့် (၂၀၂၁) “Conference on Science and Technology Development-2021 (CSTD-2021)” ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်၊ စစ်တက္ကသိုလ်၊  အဆင့်မြင့်စာပေ   ပညာဗဟိုဌာန၊ ၅ ထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကိုဗစ် -၁၉ ကူးစက်ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ စတင်ကျင်းပသည်။
တက်ရောက်
အဆိုပါ ကွန်ဖရင့်သို့ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်     ဒုတိယဗိုလ်ချုပ်ကြီး   ဇော်မျိုးတင်၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့်   အရာရှိများ၊   အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခများ၊  တပ်နယ်မှ မဟာ ဘွဲ့နှင့်   ပါရဂူဘွဲ့သင်တန်း  တက်ရောက်နေသော သင်တန်းသားအရာရှိများနှင့်  ဗိုလ်လောင်းများ တက်ရောက်ကြပြီး ကိုယ်တိုင်လာရောက် စာတမ်း မဖတ်ကြားနိုင်သော   Keynote  Speaker  များ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်ပါမောက္ခများက    Video  Conferencing   ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကား   ပြောကြားပြီး  အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ တင်သွင်းခင်းကျင်း ပြသထားသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပိုစတာ ၂၃ စောင်ကို လှည့်လည်ကြည့်ရှုရာ ပိုစတာရှင်များက ရှင်းလင်းတင်ပြကြသည်။
စာတမ်းများ ဖတ်ကြား
ထို့နောက် ဖိတ်ကြားထားသောပါမောက္ခများ၏ စာတမ်း   နှစ်စောင်၊    သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၅၄ စောင်  စုစုပေါင်း ၅၆ စောင်  ဖတ်ကြားခဲ့သည်။
အဆိုပါ     သိပ္ပံနှင့် နည်းပညာဆိုင်ရာ    ဖွံ့ဖြိုး တိုးတက်ရေးကွန်ဖရင့်( ၂၀၂၁) ကို အောက်တိုဘာ  ၂၇ ရက်အထိ   ကျင်းပသွားမည်ဖြစ်ပြီး  ဖိတ်ကြား ထားသော Keynote Speaker စာတမ်း နှစ်စောင်၊ အထူးစာတမ်း ခြောက်စောင် အပါအဝင် စုစုပေါင်း စာတမ်း   အစောင် ၅၀ ကို   ဆက်လက်ဖတ်ကြား သွားမည်ဖြစ်ကြောင်း၊     အကောင်းဆုံးစာတမ်း ခြောက်ဆုနှင့် အကောင်းဆုံး ပိုစတာဆု နှစ်ဆု ချီးမြှင့် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်