ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးရွာသုံးရွာကို ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည်

 

 

နေပြည်တော်   အောက်တိုဘာ   ၂၆


သမဝါယမနှင့်     ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးလှမိုးသည်  ယနေ့နံနက် ပိုင်းက   နေပြည်တော်ကောင်စီ    နယ်မြေအတွင်း စံပြကျေးရွာအကောင်အထည်ဖော် ဆောင်ရွက်မည့်  တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာနှင့်   လယ်ဝေးမြို့နယ်   သော်မှော် ကုန်းကျေးရွာတို့တွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး ရေး   လုပ်ငန်းများ၊   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ    ပိုမိုဆောင်ရွက် နိုင်ရန်   လိုအပ်သည်များ    ဖြည့်ဆည်းပေးနိုင်ရေး အတွက် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။ 
ဦးစားပေးဆောင်ရွက်လျက်ရှိ
ရှေးဦးစွာ     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ဂွေးပင် ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊  ပျဉ်းမနားမြို့နယ်  ကျွန်းဦးကျေးရွာအုပ်စု ကျွန်းဦး ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်  များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ   ဆောင်ရွက်နေမှုကို  လည်းကောင်း၊ လယ်ဝေးမြို့နယ်    သော်မှော်ကုန်းကျေးရွာအုပ်စု သော်မှော်ကုန်းကျေးရွာ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီ ဝင်များ၊    ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး    ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ ကိုလည်းကောင်း   မေးမြန်းဆွေးနွေးကာ   ကျေးရွာ နေပြည်သူများ၏      ရှင်းလင်းတင်ပြမှုများအပေါ် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ကျေးလက်နေ ပြည်သူ များ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက်           ကျေးလက်အခြေခံ  အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် သမဝါ ယမ ကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ကာ ဘက်စုံ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး  ဆောင်ရွက်လျက်ရှိပါကြောင်း၊ စံပြကျေးရွာ အင်္ဂါရပ် များနှင့်အညီဖြစ်စေရေး      လိုအပ်ချက်များကို ဦးစားပေးအလိုက်    ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် လည်း ကျေးရွာဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အားလုံး တက်ကြွစွာ   ပူးပေါင်းဆောင်ရွက်ပေးရန်    လိုအပ် ကြောင်း ဆွေးနွေးမှာကြားသည်။
ညှိနှိုင်းဆောင်ရွက်
ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက  ခေတ်မီစံပြကျေးရွာထူထောင်ရေး လုပ်ငန်းစဉ်များ ဖြစ်သည့် ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊    သွင်းအားစုနှင့်    ငွေကြေးထောက်ပံ့ ကူညီခြင်းလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားရေး မြင့်မားစေရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များ        ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဦးစီးဌာနများမှ ကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်မည့် အစီ အစဉ်များနှင့် စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်းနှင့်  ဝေဖန်အကြံပြုတိုင်ကြားခြင်းစနစ်      ဆောင်ရွက် မည့်     အစီအစဉ်များကို       ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ 
ခေတ်မီစံပြကျေးရွာအကောင်အထည်ဖော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့်    ပြည်ထောင်စုနယ်မြေ   နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ တပ်ကုန်းမြို့နယ် ဂွေးပင် ကျေးရွာ၊ ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာနှင့် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတို့ကို Pilot Project    အဖြစ်   ခေတ်မီစံပြကျေးရွာ   အကောင် အထည်ဖော်   ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။                                              သတင်းစဉ်