(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနား ကျင်းပရေး၊  ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော်   အောက်တိုဘာ    ၂၆


၂၀၂၂  ခုနှစ်၊  (၇၄) နှစ်မြောက်  လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့်  ဖိတ်ကြားရေးဆပ်ကော်မတီ၏  ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။ 

အခမ်းအနားတွင် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား ကျင်းပရေး၊ ပြင်ဆင် ရေးနှင့်    ဖိတ်ကြားရေးဆပ်ကော်မတီ     ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင် တက်ရောက် အမှာစကားပြောကြား သည်။
တာဝန်ရှိသူများတက်ရောက်
အစည်းအဝေးသို့   ဆပ်ကော်မတီ  အဖွဲ့ဝင်များ ဖြစ်ကြသော နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊           နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊  ဒုတိယမြို့တော်ဝန်  ဦးမောင်မောင်နှင့် ဆပ်ကော်မတီမှ   တာဝန်ရှိသူများ    တက်ရောက် ကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက်     တက်ရောက်လာကြသူများက  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့  အခမ်းအနား အောင်မြင်စွာ   ကျင်းပနိုင်ရေးအတွက်    နိုင်ငံတော် အလံအလေးပြုပွဲ    အခမ်းအနား    ကျင်းပရေး၊ ပြင်ဆင်ရေးနှင့်         ဖိတ်ကြားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ     ကျင်းပပြုလုပ်မည့်   အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက်    နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   မိမိတို့   ဆပ်ကော်မတီမှ တာဝန်ယူဆောင်ရွက်ရမည့်     လုပ်ငန်းအလိုက် လိုအပ်ချက်မရှိစေရေး   စနစ်တကျ    စီမံကြီးကြပ် ဆောင်ရွက်ကြရန်နှင့် ဗဟိုကော်မတီမှ လမ်းညွှန်ချက် များနှင့်အညီ   ဆောင်ရွက်ကြရန်   နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်