
နေပြည်တော် အောက်တိုဘာ ၂၆
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization- UNWTO)၊ The Advanced Leadership Foundation (ALF)၊ The Chambers of Commerce INCYDE Foundation နှင့် Municipal and Regional Administration of Barcelona တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ကျင်းပသော The Future of Tourism World Summit အစီအစဉ်တွင် ပါဝင်သည့် The Future of World Tourism Summit - Ministerial debate ကို ယနေ့မွန်းလွဲပိုင်းတွင် Virtual ဖြင့်ကျင်းပရာ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် Online မှ ပါဝင်တက်ရောက် ဆွေးနွေးသည်။
မျှဝေဆွေးနွေး
ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် UNWTO မှ အထွေထွေအတွင်း ရေးမှူးချုပ် Mr. Zurab Pololikashvili နှင့် International Civil Aviation Organization (ICAO) မှ အထွေထွေအတွင်းရေးမှူးချုပ် Mr. Juan Carlos Salazar တို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ပြည်ထောင်စုဝန်ကြီး အပါအဝင် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ ခရီးသွား ဝန်ကြီးများက UNWTO Ministerial Debate: The Future of Tourism for People, Planet, Prosperity ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး မိမိတို့နိုင်ငံရှိ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများ၊ နိုင်ငံများအလိုက် အစိုးရများမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက် နစ်နာမှုများကို လျော့ပါးစေရန် ဆောင်ရွက်ထားမှု၊ ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရာ၌ ဦးစားပေးဆောင်ရွက်လိုသည့် ကဏ္ဍများနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အစီအစဉ်များ၊ ခရီးသွားလုပ်ငန်း အနာဂတ်အလားအလာများကို မျှဝေဆွေးနွေးကြသည်။
အဆိုပါ The Future of Tourism - Ministerial debate တွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းကဏ္ဍတွင် နည်းပညာ အသုံးပြုခြင်းသည် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ရပ် ဖြစ်ပါကြောင်း၊ အထူးသဖြင့် Internet of the Things (IoT) သည် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများနှင့် ခရီးသွားဧည့်သည်များအတွက် နည်းပညာ အသစ်များသုံးစွဲမှုသည် ပိုမိုလွယ်ကူလျင်မြန်ပြီး လုပ်ငန်းရေရှည် ရှင်သန်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သော စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် COVID-19 Economic Relief Plan (CERP) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ဦးမော့လာစေရေး အတွက် Myanmar Tourism Strategic Recovery Roadmap (MTSRR) ကို ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းပြန်လည် ထူထောင်ရာ၌ ဦးစားပေးဆောင်ရွက်လိုသည့် ကဏ္ဍများနှင့် စပ်လျဉ်း ၍ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးသည် အနာဂတ် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ပိုမိုသွက်လက်လွယ်ကူသည့် ဝန်ဆောင် မှုများ ဆောင်ရွက်ရန်အလွန်အရေးပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ Towards NetZero Tourism for Planet regenera-tion: High Level Roundtable၊ Funding the Future of Tourism: High Level Debate၊ Digitalization & Smart Destinations စကားဝိုင်း ဆွေးနွေးမှုများကို ကျင်းပသည်။ ထို့အတူ အောက်တိုဘာ ၂၇ ရက် Summit အစီအစဉ်တွင် ပညာရှင်များက ခရီးသွားလုပ်ငန်းတွင် လူ့စွမ်းအား အရင်းအမြစ်များအပေါ် ရင်းနှီးမြှုပ်နှံခြင်း၊ ခရီးစဉ်ဒေသ များတွင် မဟာဗျူဟာမြောက် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ခရီးသွား လုပ်ငန်း အမှတ်တံဆိပ်၏ သက်ရောက်မှုအား ဖော်ထုတ်ခြင်း၊ ဝိုင်ခရီး သွားလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ခြင်း အစရှိသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း ဆွေးနွေးကြမည် ဖြစ်ပြီး The Barcelona Call to Action ကို Towards a new Agenda for Tourism: For People, Planet and Prosperity ခေါင်းစဉ်ဖြင့် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ပါဝင်တက်ရောက်
အဆိုပါ Summit သို့ နိုင်ငံပေါင်း (၇၀) မှ ပါဝင်ဆွေးနွေးသူ (၈၀) ကျော်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ အဖွဲ့ဝင်နိုင်ငံ များမှ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ညွှန်ကြားရေးမှူး ချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်