မြို့ပြဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်     အောက်တိုဘာ   ၂၄


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၉ နာရီ တွင် အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် သီရိမင်္ဂလာ လမ်း မြောက်ဘက်အခြမ်း အရှည်ပေ ၁၁၀၀၀၊ အကျယ် ရှစ်ပေ၊  ဒု ကိုးလက်မနှင့် လမ်းတောင်ဘက် အခြမ်း   အရှည်ပေ ၆၀၀၀၊     အကျယ် ရှစ်ပေ၊ ဒု ကိုးလက်မ လမ်းတိုးချဲ့ကွန်ကရစ်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ   ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 


ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန် မြို့နယ် ဖော့ကန်ရပ်ကွက် ပုလဲလမ်းမကြီးတစ်လျှောက် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)နှင့် အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)တို့ ပူးပေါင်း၍   လမ်း ဝဲ/ယာ တိုးချဲ့နေမှုနှင့် ပုလဲလမ်းမြောင်းမှ ရွာမချောင်း သို့ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်း ပြန်လည်   တူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး သည်။ 


ယင်းနောက်     မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် အနော်ရထာစက်မှုဇုန်ရှေ့ မြေဧရိယာ ၁၂ ဒသမ ၂၅၈ ဧကတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်စုပေါင်းရုံးနှင့်    ဝန်ထမ်းအိမ်ရာစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်၌  အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က မြေအောက်ကန်တူးဖော်နေမှု၊ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က ရေစီး ရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် ဧရာနဂါး ကုမ္ပဏီက အလျား ၈၁ ပေ၊ အနံ ၄၁ ပေ ရှိ အဆောင် လေးဆောင် ဆောက်လုပ်နေမှုတို့ကို လည်းကောင်း၊  လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)နှင့် မရမ်းကုန်းမြို့ နယ် ဘုရင့်နောင်တံတား အမှတ်(၁) ချဉ်းကပ်လမ်း အရှည် ၁၁၅၈ ပေ၊ အကျယ် ၁၈ ပေ၊ ဒု ၁၁ လက်မ ကွန်ကရစ်ခင်းကျင်းပြီးစီးမှုနှင့် ချဉ်းကပ်လမ်း ဝဲ/ယာအား အကျယ် ရှစ်ပေနှင့် အကျယ် ခြောက်ပေ၊ လူသွားစင်္ကြံ   ခင်းကျင်းနေမှုကို  လည်းကောင်း၊ လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီး အနောက်ဘက် အခြမ်း   အုတ်ကျင်းဂုန်နီစက်ရုံမှ    သီရိမင်္ဂလာ ပိတောက်ချောင်းအထိ အရှည် ၂၆၇၅ ပေ၊ အကျယ် ရှစ်ပေ၊ ဒုခြောက်လက်မရှိ  ကွန်ကရစ်လူသွားစင်္ကြံ စက်ဘီးလမ်း၊ ယာဉ်ရပ်နားရန်နေရာများနှင့် မြေယာ ရှုခင်းများ ဆောင်ရွက်ထားမှုကိုလည်းကောင်း၊ ဘုရင့် နောင်လမ်းမကြီးအရှေ့ဘက်အခြမ်း၊ ပိတောက် ချောင်းမှ ဘုရင့်နောင်လမ်းအတိုင်း ပါရမီလမ်းဆုံ၊ ၎င်းမှ ဗဟိုလမ်း ရထားလမ်းကူးအထိ အရှည်ပေ ၆၅၀၀ လမ်းချဲ့၍ အကျယ် ရှစ်ပေ၊  ဒုခြောက်လက်မရှိ ကွန်ကရစ်လူသွား စင်္ကြံစက်ဘီးလမ်း၊ ယာဉ်ရပ်နား ရန်နေရာများ      ပြုလုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားသည်။


သတင်းစဉ်