
မန္တလေး အောက်တိုဘာ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညပိုင်းတွင် မန္တလေးမြို့ Pullman ဟိုတယ်၌ မြို့မ တူရိယာအသင်းကြီးမှ အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး အသင်းကြီး၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြို့မတူရိယာ အသင်းကြီးမှ အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။
ရည်မှန်းဆောင်ရွက်
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြား ရာတွင် မြို့မတူရိယာအသင်းကြီး ကို ၁၉၂၅ ခုနှစ်တွင် စတင် တည်ထောင်ဖွဲ့စည်းခဲ့ရာ ယခုအခါ (၉၆)နှစ် ရှိပြီဖြစ်ပြီး မကြာမီ နှစ် (၁၀၀) ပြည့်မြောက်မည်ဖြစ်ပါ ကြောင်း၊ အသင်းကြီးအနေဖြင့် မြန်မာတူရိယာများနှင့် အနောက်တိုင်း တူရိယာပစ္စည်းများကို ပေါင်းစပ်ပြီး တီထွင်ဆန်းသစ် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာ့ ဂီတကို ကမ္ဘာ့အဆင့်သို့မြှင့်တင် နိုင်ရန် မြန်မာသံစုံတီးဝိုင်းကြီး အဖြစ် ဖွဲ့စည်းဖျော်ဖြေတင်ဆက် နိုင်ရေး ရည်မှန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ် အနေ ဖြင့် ဂီတ၊ အနုပညာရှင်များ အပါ အဝင် စာပေ၊ ရုပ်ရှင်၊ သဘင် စသည့် အနုပညာရှင်အားလုံးကို ပညာရှင်များအဖြစ် အလေးထား သကဲ့သို့ အနုပညာရှင်များ၏ အခက်အခဲများကိုလည်း ကူညီ ဆောင်ရွက်ပေးရန် မကြာခဏ မှာကြားလေ့ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့်လည်း အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက် မှုများကို အားပေးမှုပြုလုပ်နေ သကဲ့သို့ အခက်အခဲများကိုလည်း ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
ယနေ့အချိန်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွား မှုနှင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ပြည်သူများအနေဖြင့် မွန်းကျပ် လျက်ရှိရာ အနုပညာရှင်များအနေ ဖြင့် ပြည်သူများ ပြုံးပျော်ရွှင်စေရန် အနုပညာစွမ်းအားဖြင့် ပြန်လည် ဖျော်ဖြေတင်ဆက်ပေးရန် အချိန် အခါသင့်ပြီဖြစ်ပါကြောင်း၊ အနု ပညာရှင်များအနေဖြင့် ဖြူစင် သန့်ရှင်းစွာဖြင့် ပြည်သူကို အလုပ် အကျွေးပြုရန် မေတ္တာရပ်ခံလိုပါကြောင်း။
ဆုမွန်ကောင်းတောင်း
မန္တလေးမြို့မတူရိယာအသင်း ကြီးအနေဖြင့် နိုင်ငံတော်ဝန်ကြီး ချုပ်မှ ကူညီဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည့် တူရိယာပစ္စည်းများ အပါအဝင် တူရိယာပစ္စည်းများ စုံလင်စွာဖြင့် ယနေ့ညတွင် ဖျော်ဖြေတင်ဆက်မှုအပေါ် ကြည့်ရှု အားပေးခွင့် ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ သီတင်းကျွတ် အခါသမယတွင် မန္တလေးမြို့နေ ပြည်သူများ ကျန်းမာချမ်းသာကြပါစေကြောင်း နှင့် မြို့မတူရိယာအသင်းကြီး အနေဖြင့်လည်း ပိုမိုတိုးတက် အောင်မြင်စေရန် ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မန္တလေးမြို့မ တူရိယာအသင်းကြီးသည် မကြာမီ နှစ် (၁၀၀) ပြည့် မြောက်တော့မည် ဖြစ်ပါကြောင်း၊ မြို့မတူရိယာ အသင်းကြီးအနေဖြင့် မန္တလေးမြို့ ၏အနှစ်သာရများကို တေးသီချင်း၊ အကတို့ဖြင့် ရှေးမူမပျက် ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ပါကြောင်း၊ မြို့မအသင်းကြီး၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခြင်းအတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးမြို့မ တူရိယာအသင်းကြီးမှ အနုပညာ ရှင်များက တေးသီချင်းများ သီဆို မှုနှင့်အတူ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
မြို့မတူရိယာအသင်းကြီးကို ၁၉၂၅ ခုနှစ်တွင် ဗုဒ္ဓဝေယျာဝစ္စ မြို့မအပျော်တမ်း တူရိယာအသင်း အဖြစ် ဂီတဝါသနာပါသည့် လူငယ် များနှင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အသင်းကြီးသည် မြန်မာ သီချင်းကြီးများ ဆည်းပူးပြန့်ပွား ရေး၊ ကမ္ဘာသုံးတူရိယာများ လေ့လာသင်ကြားတတ်မြောက် ရေး၊ MUSIC NOTE ဂီတသင်္ကေတ အမှတ်အသား ပညာများနှင့် ရေးသားထားသည့် တူရိယာပညာ များကို ဆည်းပူးလေ့လာရေးတို့ကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ရာ ယခုအခါ (၉၆) နှစ်ရှိလာပြီ ဖြစ်သကဲ့သို့ ၂၀၂၅ ခုနှစ်တွင် နှစ်တစ်ရာ ပြည့်မြောက်တော့ မည်ဖြစ်ကြောင်း၊ အသင်းကြီး အနေဖြင့် မြန်မာတူရိယာများနှင့် အနောက်တိုင်း တူရိယာပစ္စည်း များကို ပေါင်းစပ်ပြီး တီထွင် ဆန်းသစ် ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်နိုင်ရန် မြန်မာသံစုံတီးဝိုင်းကြီးအဖြစ် ဖွဲ့စည်းပြီး ဖျော်ဖြေ တင်ဆက်နိုင်ရန် ရည်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သတင်းစဉ်