ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီးတွင် ဆီမီး ၂၀၀၀ ထွန်းညှိပူဇော်

ညောင်ဦး   အောက်တိုဘာ   ၂၁


ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံစေတီတော် မြတ်ကြီးတွင်  ယနေ့ညနေ ၆ နာရီခွဲမှစတင်ပြီး ဆီမီး ၂၀၀၀ ထွန်းညှိပူဇော်ခဲ့ ကြောင်း ရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးသန်းမြင့်ဦးထံမှ သိရ သည်။


ရိုးရာမပျက်ဆီမီးပူဇော်


ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံစေတီ တော်မြတ်ကြီး၌ အခါကြီးရက်ကြီးများတွင် မြန်မာပြည်အရပ်ရပ်မှ  ဘုရားဖူးလာ ပြည်သူများက နှစ်စဉ်နှစ်တိုင်း လာရောက်ဆီမီးပူဇော်လေ့ရှိရာ ယခုနှစ်တွင်လည်း ရိုးရာမပျက် ဆီမီးပူဇော်ကြကြောင်း၊ ယနေ့တွင် ရွှေစည်းခုံစေတီတော်ဂေါပက အဖွဲ့နှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက ဆီမီး ၂၀၀၀ ထွန်းညှိ ပူဇော်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရား၊ လောကနန္ဒာစွယ်တော် မြတ်စေတီ၊ သဗ္ဗညုဘုရား၊ အာနန္ဒာဘုရား၊  ရွှေဂူကြီးဘုရား၊  အင်ကြင်းဂူဘုရား၊ ဗူးဘုရား၊ ရွှေဆံတော်ဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ စူဠာမဏိဘုရား၊  ရွာဟောင်း ကြီးဘုရား၊  နဂါးရုံဘုရား၊ အပါယ်ရတနာဘုရား၊ စိုးမင်းကြီးဘုရား၊ ဆင်များရှင် ဘုရားနှင့် ဓမ္မရာဇကဘုရား၊ ထီးလိုမင်းလိုဘုရားတို့တွင် ဒေသခံပြည်သူများနှင့်မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများက ဆီမီးပူဇော်ခဲ့ကြောင်း သိရသည်။


ပုဂံ-ညောင်ဦး   ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ   စေတီ၊  ပုထိုး၊ သာသနိက အဆောက်အအုံများကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ဖူးမြော်ခွင့် ပေးခဲ့ပြီး ရွှေစည်းခုံစေတီတော်မြတ်ကြီးအား သီတင်းကျွတ်ကာလ အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်အထိ နံနက် ၅ နာရီမှ ည ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်များနှင့်အညီ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများအား ဖူးမြော်ခွင့်ပြုထားကြောင်း သိရသည်။ 


ကိုထိန်