ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ    ပစ္စည်းများကို လေကြောင်း၊      ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး        ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေ ဟော်    ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ၌  ကုမ္ပဏီ  တစ်ခုမှ ယာဉ်စီးရေ သုံးစီးဖြင့် နှာခေါင်း စည်း (Mask) (၁၈) တန် တင်သွင်း ခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန     အနေဖြင့် ကိုဗစ်-၁၉     ရောဂါ    ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်း များကို ပြည်ပမှတင်သွင်းရာတွင်  နှောင့်နှေးကြန့်ကြာမှုမရှိစေရေး အတွက် သက်ဆိုင်ရာဌာနများနှင့်  ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် သက်ဆိုင်သည့် အသိပေး ကြေညာချက်          များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန     Website      ဖြစ်သည့် commerce. gov. mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး    စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။                
       သတင်းစဉ်