တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်   အောက်တိုဘာ    ၂၁
တပ်မတော်   (ကြည်း၊ရေ၊ လေ)  အရာရှိ၊  စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက    မြို့နယ်အသီးသီးရှိ     ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊  ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့   ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့ရှိ မွေတော် ပရိယတ္တိစာသင်တိုက်၊   မွန်ပြည်နယ်၊   သထုံမြို့ရှိ ပုဗ္ဗာရုံကျောင်းတိုက်၊     ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်    အုတ်ပုံဆိပ်ရပ်ကွက်ရှိ သာသနာ့ပါလကျောင်းတိုက်နှင့်      မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာစံပြကျေးရွာရှိ ပြင်စာမစိုးရိမ်တိုက်သစ်တို့ရှိ  ဆရာတော်၊  သံဃာ တော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအတွက် ဆွမ်းဆန်တော်၊    ဆီ၊   ဆား၊  ပဲ အမယ် လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန် ရှိသူများက   သွားရောက်ဆက်ကပ်   လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။                  သတင်းစဉ်