
နေပြည်တော် အောက်တိုဘာ ၇
SEAMEO BIOTROP ၏ (၅၉)ကြိမ်မြောက် အုပ်ချုပ်ရေးဘုတ်အဖွဲ့အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါမြို့ IPB အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာ ၅ ရက်မှ ၆ ရက်အထိ Virtual Online ဖြင့် ကျင်းပရာ မြန်မာနိုင်ငံမှ SEAMEO BIOTROP ၏ ဘုတ် အဖွဲ့ဝင်ဖြစ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့် တက်ရောက်ခဲ့သည်။
အစည်းအဝေးကို အင်ဒိုနီးရှား နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့် နည်းပညာ ဝန်ကြီးဌာနမှ အထွေထွေအတွင်း ရေးမှူး ဒေါက်တာ Ir. Suharti က တက်ရောက်ဖွင့်လှစ်ပေးခဲ့ ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပညာ ရေးသည် အင်ဒိုနီးရှားအစိုးရ၏ အဓိက ဦးစားပေးတစ်ခုဖြစ် ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံး ပျောက်ကွယ် မှုနှင့် မြေဆီလွှာအရည်အသွေး ကျဆင်းမှု စသည့်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို တိုက်ဖျက်နိုင် ရေးအတွက်လည်း ပညာရေးသည် စွမ်းအားကောင်းသည့် အင်အား တစ်ရပ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယင်းစိန်ခေါ်မှုများကို ဖြေရှင်းနိုင် မည့်နည်းလမ်းများ ရှာဖွေနိုင် ရေးအတွက် အင်ဒိုနီးရှားအစိုးရ အနေဖြင့် SEAMEO BIOTROP ကို ပိုမိုထောက်ပံ့ပေးလျက် ရှိကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဘရူနိုင်း နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအို နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့မှ ဘုတ်အဖွဲ့ဝင်များ၊ ဘိုဂေါမြို့ ဒုတိယမြို့တော်ဝန်၊ SEAMEO အဖွဲ့ဝင်နိုင်ငံများ၏ အင်ဒိုနီးရှား ဆိုင်ရာသံရုံးများမှ ကိုယ်စားလှယ် များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ SEAMEO အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ SEAMEO BIO-TROP မှ ပညာရှင်များနှင့် ဝန်ထမ်း များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ (၅၉) ကြိမ်မြောက် အုပ်ချုပ်ရေး ဘုတ်အဖွဲ့အစည်း အဝေးတွင် အကြောင်းအရာ ၁၄ ခုနှင့် ပတ်သက်၍ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပြီး ယခင်အစည်း အဝေးများတွင် ဆွေးနွေးချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ ၂၀၂၀-၂၀၂၁ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာမူ ကြမ်းနှင့် ဘဏ္ဍာရေးအစီရင်ခံစာ များ၊ လာမည့် သုံးနှစ် (၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ် အထိ) အတွက် ဘတ်ဂျက်ဆိုင်ရာ အဆိုပြုများ၊ ၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင် ရွက်မည့် သုတေသနလုပ်ငန်းများ နှင့် သင်တန်းများ၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ SEAMEO BIO-TROP ၏ ဧကဒသမ ငါးနှစ်စီမံ ကိန်း၊ SEAMEO BIOTROP ၏ ဖွဲ့စည်းပုံ ပြင်ဆင်ဖွဲ့စည်းရေး အဆိုပြုချက်များ စသည်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်