အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၆        


မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့  (National Skills  Standards Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်၁၀ နာရီတွင် နေပြည်တော်ရှိ  အလုပ်သမားဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။

အလုပ်အကိုင်ရရှိရန်


အခမ်းအနားတွင်   အလုပ် အကိုင်နှင့်    ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဗဟိုအဖွဲ့    ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီး       ဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင် က     ကျွမ်းကျင်လုပ်သားများ၏ အခွင့်အလမ်းများ    အချိန်နှင့် တစ်ပြေးညီ    ရရှိခံစားနိုင်စေရန် ရည်မှန်း၍  Online မှ  တစ်ဆင့် အသိအမှတ်ပြု   လက်မှတ်များ ပေးအပ်ခြင်းဖြစ်ကြောင်း၊ အလုပ် အကိုင်ဆိုင်ရာ      ကျွမ်းကျင်မှု အသိအမှတ်ပြု   လက်မှတ်များ ပေးအပ်နိုင်ရေး ဆောင်ရွက်ခြင်းမှ တစ်ဆင့်     အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်    စက်မှု ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊       နေပြည်တော် ကောင်စီတို့နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း။


ကိုဗစ်အလွန်ကာလများတွင်   တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်   ဖြစ်ပေါ်လာနိုင်သော မတူညီသည့် အလုပ်အကိုင်အခွင့် အလမ်းများ   လုပ်ငန်းကဏ္ဍများ အတွက် လိုအပ်သည့် ကျွမ်းကျင် လုပ်သားများ    ဖြည့်ဆည်းပေး နိုင်စေရန် ကျွမ်းကျင်မှုလေ့ကျင့် သင်ကြားရေးနှင့် စစ်ဆေးအကဲ ဖြတ်ရေးတို့ကို    တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ သက်ဆိုင်သူ အားလုံးနှင့်    ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


NSSA အနေဖြင့် ၂၀၁၄ ခုနှစ် ကစ၍    ကျွမ်းကျင်လုပ်သား ၁၆၀၃၆ဦး ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ  ကျွမ်းကျင်မှု အသိအမှတ်ပြု   လက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်း၊   ယနေ့ ၄၃၇ ဦး ထပ်မံပေးအပ်ပြီးပါက ကျွမ်းကျင်လုပ်သား ၁၆၄၇၃ ဦးကို အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ   ပေးအပ်ပြီး ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် အောက် တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ လုပ်သား ၄၂၄ဦးကို ကျန်းမာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ  စစ်ဆေးအကဲဖြတ်ရန် လျာထားသတ်မှတ်ထားပြီး ဖြစ် ကြောင်း။


ကမ္ဘာ့အလုပ်အကိုင်ပြောင်းလဲ လာမှုအတွက် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ   ကြေညာစာတမ်းနှင့် လမ်းပြမြေပုံ   အကောင်အထည် ဖော်နိုင်ရေး လုပ်ငန်းရပ်များတွင် အလုပ်သမားဝန်ကြီးဌာန အနေ ဖြင့်   သက်ဆိုင်ရာ   ဝန်ကြီးဌာန များ၊     ပုဂ္ဂလိကအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 


ထို့နောက်   ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများက    ကျွမ်းကျင်မှုအသိ အမှတ်ပြု         လက်မှတ်များကို ကျွမ်းကျင်လုပ်သားများကိုယ်စား ကိုယ်စားလှယ်များထံ   ပေးအပ် ကြပြီး အလုပ်ရှင်များကိုယ်စား Lat War Co.,Ltd မှ     Managing Director  က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


လက်မှတ်များထုတ်ယူနိုင်


အခမ်းအနားတွင် NSSA ၏ ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အလုပ်အကိုင် ၁၃ မျိုး၏ ကျွမ်းကျင် မှုအဆင့် (၁) ဖြေဆိုအောင်မြင်ခဲ့ သော ကျွမ်းကျင်လုပ်သား ၄၃၇ ဦးတို့အတွက်      ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို ကိုယ်စားလှယ်များထံ ပေးအပ်ပြီး သက်ဆိုင်ရာ     တိုင်းဒေသကြီး၊ ပြည်နယ်များရှိ NSSA   နည်း ပညာ အထောက်အကူပြုရုံးများမှ တစ်ဆင့်  သက်ဆိုင်ရာ Assess-ment Center များသို့ ပေးအပ် မည်ဖြစ်ကြောင်း၊    ကျွမ်းကျင် လုပ်သားများအနေဖြင့်     အသိ အမှတ်ပြုလက်မှတ်များကို မိမိတို့ ဖြေဆိုခဲ့သော Assessment Cen-ter များသို့ သွားရောက်ထုတ်ယူ နိုင်ကြောင်း သိရသည်။


အခမ်းအနားသို့       ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေး မှူးချုပ်များ၊    NSSA  မှ  တာဝန် ရှိသူများ၊      အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ၊  ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ် ပြုရေးကော်မတီ၊  အလုပ်အကိုင် ဆိုင်ရာကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီတို့မှ ဥက္ကဋ္ဌ၊   အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များ၊    အသိ အမှတ်ပြုလက်မှတ်ရ ကျွမ်းကျင် လုပ်သားများ၊   လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ   လမ်းညွှန်ချက်များနှင့် အညီ တက်ရောက်ကြပြီး Virtual ဖြင့်လည်း ပါဝင်တက်ရောက်ကြ သည်။    

              
သတင်းစဉ်