အခုခေတ်မှာ ကျောင်းသင်ခန်းစာအနေနဲ့ ပြည်သူ့နီတိကိုသင်မယ်၊ ကျောင်းသားများကလည်း လိုက်နာကျင့်သုံးမယ်ဆိုရင် ကလေးတွေအနေနဲ့ ကိုယ်ကျင့်တရား အပြုအမူလေးတွေ ပြောင်းလဲသွားလိမ့်မယ်လို့ ထင်ပါတယ်

ဆရာကြီး ဦးခင်စိုး

========

 

ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ကြသည်။  မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစ၍ နှစ်စဉ် ကျင်းပခဲ့သည်။


ယခုနှစ်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့နှင့်ပတ်သက်ပြီး ဆရာကြီး ဦးခင်စိုး (ကံလှရပ်ကွက် မြောင်းမြမြို့)၏ ဂုဏ်ပြုအမှတ်တရ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

 

မေး။    ဆရာကြီးပညာရေးဌာနမှာ စတင်
    တာဝန်ထမ်းဆောင်ခဲ့တဲ့ခုနှစ်လေးသိချင်ပါတယ်ရှင်။
ဖြေ။    ၁၉၇၂ ခုနှစ်    ဒီဇင်ဘာ  ၁၅ ရက် 
    မှာ    ဘိုကလေးမြို့   အထက(၂) မှာ   စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။   ဘိုကလေးမြို့မှာ     ၁၉၇၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၇၉ ခုနှစ်  ဩဂုတ်လမှာ  မြောင်းမြ အထက(၁)မှာ            စတင်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။     တာဝန်ထမ်း ဆောင်ရင်းနဲ့ပဲ   ၂၀၀၂ ခုနှစ်  ဒီဇင်ဘာ  ၂၁ ရက်မှာ       အထက်တန်းပြဆရာ အဖြစ်နဲ့ ပင်စင်ယူခဲ့ပါတယ်။
မေး။    ဆရာ့ကျင့်ဝတ်နဲ့ တပည့်ကျင့်ဝတ် 
    အကြောင်းလေးကိုလည်း ပြောပြ ပေးပါဦးရှင်။
ဖြေ။    “အတတ်လည်းသင်၊    ပဲ့ပြင်ဆုံးမ၊ 
    သိပ္ပမချန်၊      ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ”  ဆိုတဲ့အတိုင်း ဆရာများအနေနဲ့ အတတ် ပညာသင်ကြားပေးရုံတင်    မဟုတ်ဘဲ တပည့်များအပေါ် ဘေးရန်မကျရောက် စေရန်နဲ့      ယဉ်ကျေးလိမ္မာမှုရှိစေရန် သွန်သင်ဆုံးမမှုများရှိခဲ့ပါတယ်။ တပည့် များကလည်း လိုက်နာကျင့်သုံးကြတယ်။ ပြောရမယ်ဆိုရင်      ငယ်ငယ်တုန်းက စာရိတ္တသင်ခန်းစာကို      ဆရာတွေက နာရီဝက် သင်ကြားပေးရတယ်။ သူ့ထက် ရှေ့တိုးပြီးပြောရမယ်ဆိုရင် မူလတန်းမှာ ပြည်သူ့နီတိကို သင်ကြားရတယ်။ အဲဒါ တွေကို သင်ကြားရတဲ့အတွက်ကြောင့် ကျောင်းသားတွေရဲ့စိတ်မှာ ဆရာသမား ကို    ရိုသေကိုင်းရှိုင်းရမယ်ဆိုတာကို အလိုလိုသိကြတယ်။ အခုဆရာကြီးဆိုရင်  လည်း    အသက် ၈၀ ရှိပြီ။   ဒါပေမဲ့ ကိုယ့်ထက်ကြီးတဲ့ ဆရာကြီး ဆရာမကြီး တွေကိုတွေ့ရင် အခုထိ လေးလေးစားစား ဆက်ဆံတုန်းပါပဲ။  ဆရာကြီးသင်ခဲ့တဲ့ တပည့်တွေဆိုရင်လည်း     အခုဆိုရင် အသက် ၆၀ ကျော်တွေရှိပြီ။  ဆရာကြီး နဲ့         စကားပြောဆိုတဲ့အခါမှာ လေးလေးစားစားနဲ့ ပြောဆိုနေကြတုန်း  ပါပဲ။ အဲဒါဘာကြောင့်လဲဆိုတော့ သူတို့ အပေါ် စေတနာမှန်မှန်နဲ့ သင်ကြားပို့ချ  ပေးနိုင်လို့ ဖြစ်ပါတယ်။   အခုခေတ်မှာ    ကျောင်းသင်ခန်းစာအနေနဲ့    ပြည်သူ့ နီတိကိုသင်မယ်၊     ကျောင်းသားများ ကလည်း     လိုက်နာကျင့်သုံးမယ်ဆိုရင် ကလေးတွေအနေနဲ့ ကိုယ်ကျင့်တရား အပြုအမူလေးတွေ ပြောင်းလဲသွားလိမ့် မယ်လို့ထင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု နဲ့လျော်ညီတဲ့ခေတ်ကို ပြန်ရောက်သွား မယ်လို့ထင်ပါတယ်။
မေး။    ကလေးတွေကို ပြုစုပျိုးထောင်တဲ့ 
    နေရာမှာ   ဆရာ ဆရာမတွေရဲ့ အရေးပါတဲ့  အခန်းကဏ္ဍကို သိချင်ပါ တယ်။
ဖြေ။    အင်မတန်အရေးပါပါတယ်။ မိဘ 
    က   မွေးလိုက်တယ်။    ဒါပေမဲ့ ခြောက်နှစ်ဆိုရင် ကလေးတွေက ကျောင်း ကို  ရောက်လာပါပြီ။  အဲဒီအချိန်ကနေ (၁၀)တန်းအထိ ဆရာက သင်ကြားပို့ချရ တယ်။ မူလတန်းဆရာတွေက ပိုပြီးတော့ တာဝန်ကြီးပါတယ်။       ဆရာကြီး ဘိုကလေးမှာ နေတုန်းကဆိုရင် (၄)တန်း က  အစိုးရစစ်ဆိုတော့ ကလေးတွေက ၇ နာရီဆို ကျောင်းကို   ရောက်အောင်လာရ တယ်၊  ကျောင်းမှာ   စာသင်ပြီး ၈ နာရီ ဆိုရင် စာမေးပွဲသွားဖြေရတယ်။  ဖြေပြီး တယ်ဆိုရင် ထမင်းစား၊   ထမင်းစားပြီး တယ်ဆိုရင်     စာထပ်သင်ပေးရတယ်။  အဲဒီလို လုပ်ပေးတဲ့အတွက်ကြောင့် ဆရာ နဲ့ ကျောင်းသားဟာ ရင်အုပ်မကွာဖြစ်နေ တယ်။ အခုခေတ်လည်း စာကို ကျက်ဖြေ လို့ရတယ်ဆိုပေမယ့်    ဒါဟာနည်းလမ်း မမှန်ပါဘူး၊ ကလေးတွေ သဘောပေါက် အောင် သင်ကြားနိုင်ဖို့ အရေးကြီးပါတယ်။  ဒါကြောင့် ဆရာတွေကဏ္ဍဟာ သိပ်အရေး ကြီးပါတယ်။ ဆရာကောင်းရင် တပည့်က တိုးတက်သွားပါတယ်။ ဝတ္တရားအတိုင်း လုပ်မယ်ဆိုရင်တော့     တိုင်းပြည်ရဲ့ အနာဂတ်ဟာ     သူများတိုင်းပြည်ကို မီအောင်လိုက်ဖို့ အတော်လေးကို ကြိုးစား ရပါမယ်။ ဆရာဟာ အလွန်အရေးကြီးပါ တယ်။ ကလေးတွေကိုလည်း ကျောင်း တက်စေချင်တယ်။    ဘာကြောင့်လဲ ဆိုတော့ ကိုယ်ပညာတတ်မှ ကိုယ့်တိုင်း ပြည်ကောင်းမယ်၊ ပညာမတတ်ဘူးဆိုရင် တိုင်းပြည်အတွက်လည်း  နစ်နာတယ်။  ကလေးတွေရဲ့  ဘဝတိုးတက်မှုပုံစံက အိုးများလိုပဲ သူတို့ရဲ့လက်ထဲမှာ မူတည် တယ်။  ရိုက်ချက်ကောင်းရင် ပုံထွက် ကောင်းမယ် အဲဒီသဘောပါပဲ။
မေး။    ကမ္ဘာ့ဆရာများနေ့နဲ့ပတ်သက်ပြီး
    အမှတ်တရစကားကို ပြောကြားစေ လိုပါတယ်။
ဖြေ။    ကမ္ဘာ့ဆရာများနေ့မှာ         ဆရာ 
    ဆရာမတွေကို  ကန်တော့ကြပါ တယ်။  ကန်တော့ခြင်းဟာ  ကောင်းတဲ့ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။ လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စလည်း   ဖြစ်ပါတယ်။ ကမ္ဘာ့ဆရာများနေ့  အထိမ်းအမှတ်မှာ သက်ကြီးဝါကြီး    ဆရာကြီးတွေကို ကန်တော့ကြတယ်ဆိုတဲ့ အစဉ်အလာကို မပျက်စေချင်ပါဘူး။ ကျောင်းသားဟောင်း တစ်ယောက်အနေနဲ့    ဆက်လက်ပြီး တော့ ထိန်းသိမ်းစေချင်ပါတယ်။ အခု ဆိုရင်   နိုင်ငံတော်က   ကျောင်းတွေကို    ပြန်ဖွင့်ဖို့          ကြိုးစားနေပါတယ်။ ကျောင်းတွေပြန်ဖွင့်ရင်   ကျောင်းသား ကျောင်းသူတွေ ကျောင်းကို တက်စေချင် ပါတယ်။   ကိုဗစ်ကာကွယ်ဆေးလည်း ထိုးစေချင်ပါတယ်။ ကိုဗစ်နဲ့အတူယှဉ်တွဲ နေနိုင်ဖို့လည်း ကြိုးစားစေချင်ပါတယ်။ ကိုဗစ်နဲ့ ယှဉ်တွဲနေရမယ်ဆိုတာ မခက် ခဲပါဘူး။ အပြင်ထွက်ရင် နှာခေါင်းစည်း တပ်မယ်၊ လက်ဆေးမယ်၊ ခြောက်ပေ အကွာနေမယ်၊ လူများတဲ့နေရာ မသွား ဘူး၊  ဒါဆိုလို့ရှိရင် ကိုဗစ်နဲ့အတူ  ယှဉ်တွဲ နေထိုင်ပြီး ပညာသင်ကြားလို့ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို (၁၂)နှစ်အထက် ကျောင်းသားလူငယ်များကို ဆက်ဆက် ထိုးစေချင်ပါတယ်လို့    ဆရာကြီးက ပြောကြားချင်ပါတယ်။
စန္ဒာကြည်(ခရိုင်ပြန်/ဆက်)