ရန်ကုန်တိုင်းဒေသကြီးအတွင်း ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော် အောက်တိုဘာ  ၄


ရန်ကုန်တိုင်းဒေသကြီးအတွင်း   ထူးချွန်စွာ  တာဝန် ထမ်းဆောင်ခဲ့ကြသည့်    ရဲတပ်ဖွဲ့ဝင်များ   ဂုဏ်ပြု ချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌  ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးလှစိုး၊    ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးနှင့်  တာဝန်ရှိသူများ၊    ထူးချွန်ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ က   ဂုဏ်ပြုအမှာစကားများ  ပြောကြားကြသည်။  ထို့နောက်    ထူးချွန်ရဲတပ်ဖွဲ့ဝင်  ၅၀  တို့အတွက်    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့် သည့် ငွေကျပ်သိန်း ၅၀ နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဂုဏ်ပြုချီးမြှင့်သည့်  ငွေကျပ်သိန်း ၂၀ တို့ကို ဝန်ကြီး ချုပ်နှင့်  တိုင်းမှူးတို့က ပေးအပ်ချီးမြှင့်ကြရာ  ထူးချွန် ရဲတပ်ဖွဲ့ဝင်များကိုယ်စား             တာဝန်ရှိသူများက  လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်