
နေပြည်တော် အောက်တိုဘာ ၄
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊လေကြောင်း၊ဆိပ်ကမ်း၊နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၄ ရက်၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ Vzone-S 1000 Injection (Cefoperazone 500mg)၂၀၀၀၀၊ Vipra-CZ(Vitamin C-500+zinc-20 mg) ၅၀၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Medical Device ၂၆၂၅၂ ခု၊ Oxygen Concentrator ၂၈၅ ခု၊ Oxygen Cyclinder ၄၇၁ခု၊Oxygen Regulator ၄၅၀ ၊ Pluse Oximeter ၅၀၀ နှင့် ဆေးဝါးမျိုးစုံ ၆၇ မျိုး ၁၈၃၅၉၀ . ၉၃ Kg ၊ နယ်စပ် (မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ ခြောက်ခုတို့မှ Oxygen Cylinder ၁၀ ခု၊ Oxygen Plant နှစ်ခု၊ Oxygen Gas ၆၀ m3၊ Liquid Oxygen ၁၅၂၁၅ m3 ၊ Salbutamol ၂၄၇၅ KG၊ Scalp Vein Set ၉၈၀၀ ၊ Hydro-Chloride Tablets ၁၈၉၀ KG၊ Mask ၆၆၀၀ KG၊ Syringe ၁၇၁၆၀ ၊ Fish Liver Oilcapsule ၃၇၄၄ KG၊ Infusion ၇၄၄ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်