
အန်းဒရွိုက်ဖုန်းတွေကို သုံးနေတဲ့သူတွေအနေနဲ့ ကိုယ့်အကြိုက်အပေါ် မူတည်ပြီး အက်ပလီကေးရှင်းအမျိုးမျိုးကို သုံးတတ်ကြပေမယ့် ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဖုန်းတိုင်းမှာ ထည့်သွင်းထားသင့်တဲ့ အက်ပလီကေးရှင်းတစ်ခုကတော့ ဖုန်းပျောက်တဲ့အခါ တတ်နိုင်သမျှ ပြန်ရအောင်၊ မရရင်တောင် ကိုယ့်ရဲ့အချက်အလက်တွေကို ကာကွယ်နိုင် အောင်လုပ်ပေးမယ့် Google Find My Device ဖြစ်ပါတယ်။
Google Find My Device ကို အင်စတောလ်လုပ်ထားခြင်းဖြင့် ဖုန်းပျောက်သွားတဲ့အခါ အခြားဖုန်းတစ်လုံးသို့မဟုတ် ကွန်ပျူတာကနေ google.com/android/find ကိုဝင်ပြီး ပျောက်တဲ့ဖုန်းရဲ့ Google Account ကိုထည့်ပြီး တည်နေရာကို အနီးစပ်ဆုံး ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင် အခြားဖုန်းကနေ ပျောက်တဲ့ဖုန်းမှာ alarm မြည်စေနိုင်ပြီး silent mode လုပ်ထားရင်တောင်မှ ဖုန်းရဲ့ အကျယ်ဆုံးအသံနဲ့ ငါးမိနစ်ကြာ အသံ မြည်နေမှာဖြစ်ပါတယ်။ လော့ခ်ချထားတဲ့ pattern သို့မဟုတ် pin ကို မသိရင် ဖုန်းခိုးသူဟာ ဒီအသံကို ပိတ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ပျောက်တဲ့ဖုန်းမှာပါသွားတဲ့ ကိုယ့်ရဲ့ဒေတာတွေကို ကာကွယ်ဖို့ Secure Device ကို ထပ်လုပ်နိုင်ပါတယ်။ Secure device လုပ်တဲ့အခါ ပျောက်တဲ့ ဖုန်းရဲ့ lock screen မှာ ကိုယ်ပေါ်စေချင်တဲ့ စာတစ်ခုခု(ဒီဖုန်းဟာ အခိုးခံရတဲ့ဖုန်းပါ သို့မဟုတ် ကိုယ့်ကို ဆက်သွယ်နိုင်မယ့်ဖုန်းနံပါတ်)ကို ရေးနိုင်ပါတယ်။ ဖုန်းကိုခိုးသူဟာ ဒီဖုန်းကို ဆိုင်မှာသွားပြင်ဖို့ ခက် သွားမှာဖြစ်ပါတယ်။ ပြီးရင်ဖုန်းထဲက Google Account တွေအကုန်လုံးကို log out လုပ်လိုက်မှာဖြစ်ပါတယ်။ Log out လုပ်လိုက်ပေမယ့် ဖုန်းရဲ့ တည်နေရာကိုတော့ ဆက်ကြည့်နေနိုင်မှာဖြစ်ပါတယ်။
Google Find My Device ကို သုံးဖို့အတွက် လိုအပ်ချက်က အက်ပလီ ကေးရှင်းကို အင်စတောလ်လုပ်ထားပြီးရင် အက်ပလီကေးရှင်းမှာ ကိုယ့်ရဲ့ Google Account နဲ့ လော့အင်ဝင်ထားပေးရမှာဖြစ်ပါတယ်။ ပျောက်တဲ့ဖုန်းရဲ့ တည်နေရာကို တွေ့နိုင်ဖို့အတွက် ဖုန်းရဲ့ Location Service ကို ဖွင့်ထားပေးဖို့လည်း လိုအပ်ပါတယ်။ ကျော်ဇင်ဦး