
မိမိတို့အနေဖြင့် လျှောက်လှမ်းနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ
လုံးဝသွေဖည်မသွားဘဲ ကာကွယ်ထိန်းသိမ်း၍ ဆက်လက်ဆောင်ရွက်သွားမည်
နေပြည်တော် စက်တင်ဘာ ၂၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့ တက်ရောက်ကြသည်။
q ရှေ့ဖုံးမှ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ပတ်သက် ၍ မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို ဆောင်ရွက်ခဲ့သည်မှာ ၈ လ တာကာလ ပြည့်မြောက်တော့မည်ဖြစ် ကြောင်း၊ တာဝန်ယူပြီးချိန်နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲမှုများ မျိုးစုံဖြစ်ပေါ်ခဲ့ ကြောင်း၊ မိမိတို့နိုင်ငံ အကျပ်အတည်း ဖြစ်ပေါ်ခဲ့ခြင်းသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့မှုအပေါ် ဥပဒေ အရ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံတော်၏အာဏာအား ဆက်လက် ရယူရန် အဓမ္မနည်းဖြင့် ဥပဒေမဲ့ဆောင်ရွက် ခဲ့မှုများကြောင့် ယခုကဲ့သို့သော အခြေ အနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏အရေးပေါ်အခြေအနေ ကြေညာ ပြီးနောက်ပိုင်းတွင် ဥပဒေအရ ရင်ဆိုင် ဖြေရှင်းဆောင်ရွက်နိုင်သည့် အခြေအနေ များရှိခဲ့ကြောင်း၊ မဲမသမာမှုများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ပါဝင် ပတ်သက်သူများအနေဖြင့် ဥပဒေအရ အရေးယူခံရနိုင်သော်လည်း ရွေးချယ်ခံကိုယ်စားလှယ်များအနေဖြင့် ကိုယ်စား လှယ်အဖြစ်မှ ပျက်ပြယ်မှုသာရှိကြောင်း၊ အထွေထွေရွေးကောက်ပွဲသည် ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက် အလွန်အရေးကြီး သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး အဆိုပါ အချက်အားမျက်ကွယ်ပြု၍ မသင့်တော် သည့်နည်းလမ်းဖြင့် အနိုင်ရရှိရေးကြိုးပမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ဥပဒေဖြင့် မလျော်ညီဘဲ ဆောင်ရွက်ခဲ့မှု ကြောင့် ဖယ်ရှားခံရသူများက ဥပဒေဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ အကြမ်း ဖက်မှုနည်းလမ်းများဖြင့် ဆောင်ရွက်လာ ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်လမ်းစဉ် ကို ၎င်းတို့ ရွေးချယ်ခြင်းသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီ နည်းလမ်းနှင့် ဆောင်ရွက်ခြင်းကိုသာ လိုလားကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကိုလေးစားကြောင်း၊ သို့သော် စည်းကမ်းနှင့်ညီညွတ်ရန်လိုပြီး “လူညီ လျှင် ဤကို ကျွဲဖြစ်သည်”ဆိုသော်လည်း ဥပဒေနှင့်ညီညွတ်မှုမရှိပါက ဆောင်ရွက်၍ မရကြောင်း၊ ဥပဒေအရသာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း။
အကြမ်းဖက်မှုများ၊ မီးရှို့ဖျက်ဆီးခြင်း များ၊ သတ်ဖြတ်ခြင်းများ၊ မိုင်းခွဲတိုက်ခိုက် ခြင်းများသည် ဒီမိုကရေစီစနစ်၏ ဆန့်ကျင့်ဘက်ပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ် ရှိ နိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ၎င်းတို့ထံမှ သင်ခန်းစာ ယူ၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေ၊ စည်းကမ်းများနှင့် အညီ ဆောင်ရွက်ခြင်းကို လိုလားကြောင်း၊ ကောင်းမွန်သည့် ဒီမိုကရေစီအလေ့အထ ကို ရစေချင်ကြောင်း၊ လူအများစု၏ ဆန္ဒ ဆိုပြီး ဥပဒေနှင့်ဆန့်ကျင်ကာ ဆောင်ရွက် ၍မရကြောင်း၊ မိမိတို့နှင့် မိမိတို့မွေးထုတ် လိုက်သည့် မျိုးဆက်များတွင် မကောင်း သောအကျင့် မပါသွားရန် လိုကြောင်း။
ဦးတည်ဆောင်ရွက်နေ
ယခုအခါ CRPH, NUG စသည့် အဖွဲ့ အစည်းများ ပြောဆိုဆောင်ရွက်နေသည့် ကိစ္စရပ်များသည် အကြမ်းဖက်လမ်းစဉ်ကို ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရှိရ ကြောင်း၊ ထို့အတူ ၎င်းတို့နှင့် ဆက်စပ် ဆောင်ရွက်နေသည့် EAO များအနေဖြင့် အကြမ်းဖက်လုပ်ရပ်များတွင် တိုက်ရိုက် နည်းလမ်းများ၊ သွယ်ဝိုက်နည်းလမ်းများ ဖြင့် ပါဝင်ကူညီဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ NUG နှင့် ဆက်စပ်အဖွဲ့များသည် ဒီမိုကရေစီ နည်းအရ နိုင်ငံ၏ တိုးတက်ရာ တိုးတက် ကြောင်း၊ ကောင်းမွန်ရာ ကောင်မွန်း ကြောင်း တိုက်တွန်းပြောဆိုနေမှုများ လုံးဝမရှိဘဲ လူသတ်ခြင်း၊ မိုင်းခွဲခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန်သာ တိုက်တွန်းပြောဆို၍ နိုင်ငံပျက်စီးအောင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့အနေဖြင့် လျှောက်လှမ်း နေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လုံးဝသွေဖည်မသွားဘဲ ကာကွယ် ထိန်းသိမ်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်အပေါ် သစ္စာစောင့်သိ
မိမိတို့နိုင်ငံတွင် စာရင်းဇယားအရ လူဦးရေ ၅၅ သန်းခန့်ရှိကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှစ၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ထိ အဆင့်ဆင့်အုပ်ချုပ် ရေးဆိုင်ရာဌာနများတွင် နိုင်ငံတော်၏ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများရှိ ကြောင်း၊ အဆိုပါအဖွဲ့များအားလုံးသည် နိုင်ငံတော်၏လစာကို ရယူနေရသူများ ဖြစ်သဖြင့် နိုင်ငံတော်အပေါ် သစ္စာ စောင့်သိရန်လိုကြောင်း၊ သတ်မှတ်ထား သည့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ နှင့်အညီ မှန်မှန်ကန်ကန် လုပ်ဆောင်ရန် လိုကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုး ကြောင့် CDM ပြုလုပ်ပြီး ဥပဒေပြင်ပသို့ ရောက်ရှိသွားသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ ထိုကဲ့သို့ဆောင်ရွက်ခြင်းများ မပြုလုပ်ရန်အတွက် စိတ်ရှည်သည်းခံစွာ ဖြင့် မိမိတို့၏ သဘောထားများအား ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ လက်ရှိဥပဒေအတွင်း တာဝန် ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏စီမံအုပ်ချုပ်မှုအောက်တွင် မှန်မှန်ကန်ကန် ဖြင့် နိုင်ငံအပေါ် သစ္စာရှိစွာ တာဝန်ထမ်း ဆောင်ရန်လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံ တိုင်းတွင် နိုင်ငံ့ဝန်ထမ်းများ အားလုံးအား ဆန္ဒမဲပေးပိုင်ခွင့်ပေးထားပြီး နိုင်ငံရေးအရ လွတ်လပ်ခွင့်ပေးပြီးဖြစ်ကြောင်း၊ နိုင်ငံရေး နှင့် ဝန်ထမ်းတာဝန် မရောရန်လိုကြောင်း။
ကြိုတင်ပြင်ဆင်ထားရမည်
ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းဖြစ်ပွားလျက်ရှိပြီး ဇူလိုင်လအတွင်း အမြင့်ဆုံးဖြစ်ခဲ့သော် လည်း ယခုအခါ ရောဂါဖြစ်ပွားမှုနှုန်းများကျဆင်းလာပြီဖြစ်ကြောင်း၊ သို့သော် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးရိုးဗီဇပြောင်းလဲ မှုသည် မြန်ဆန်မှုရှိသဖြင့် ပေါ့ဆနေ၍ မရဘဲ အဆိုးဆုံးအခြေအနေအထိ မြော်တွေး၍ ဆက်လက်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အချို့မြို့နယ်များအား Stay at Home သတ်မှတ်ထားမှုများအား ဖြေလျှော့ပေးပြီး အချို့လိုအပ်သည့် မြို့နယ်များအား သတ်မှတ်မှုများတိုးမြှင့် ဆောင်ရွက်မှုရှိကြောင်း၊ ကူးစက်မှုများ အား သိရှိစေရေးအတွက် စစ်ဆေးမှုများ အား စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပြီး သတ်မှတ်ထားသည့် SOP များကို လိုက်နာ၍ နေထိုင်သွားလာ ဆောင်ရွက် ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ကူးစက်မှု ရာခိုင်နှုန်း ၅ ရာခိုင်နှုန်းအောက် ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စတုတ္ထလှိုင်း ဖြစ်ပွားလာနိုင်မှုအပေါ် လည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကိုဗစ်နှင့် ပတ်သက် ၍ လိုက်နာရမည့် သွားလာမှုစည်းကမ်း များကိုလည်း တစ်ဦးချင်းလိုက်နာကြရန် လိုကြောင်း။
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်နေကြသည့် ဆေးရုံများ၊ ဆေးခန်းများတွင်လည်း ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်ထားကြရန်လိုကြောင်း၊ အောက်ဆီဂျင်ရရှိရေးနှင့် ပတ်သက်၍ လည်း ဇူလိုင်လအတွင်း အမြင့်ဆုံးအသုံးပြု ခဲ့သည့် ပမာဏထက်ကျော်လွန်အောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ဆေးရုံများတွင် ICU ခန်း များ ပြင်ဆင်ခြင်းနှင့် လိုအပ်သည့် ဆေးပစ္စည်းများအား ဝယ်ယူစုဆောင်းထားရမည်ဖြစ်ကြောင်း၊ ကုသဆေးနှင့် ကာကွယ်ဆေးများကိုလည်း ပြည်ပမှ ဝယ်ယူနေရခြင်းထက် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းရင်းဆေးအနေဖြင့်လည်း ဆေးခါးကြီး ကို အခြေခံ၍ ကာကွယ်ဆေးနှင့် ကုသ ဆေးတို့ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်ရေးအတွက်လည်း အမြဲမပြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း။
ကုန်သွယ်မှုလိုငွေ ၃၆၈ သန်းခန့်ရှိ
စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ ဘတ်ဂျက်ကာလ ၁၀ လအတွင်း ပို့ကုန် ၁၁ ဒသမ ၈၉၂ ဘီလီယံရှိပြီး သွင်းကုန် ၁၂ ဒသမ ၂၆၀ ဘီလီယံရှိကြောင်း၊ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုး ၂၁ ဒသမ ၁၅၃ ဘီလီယံရှိပြီး ကုန်သွယ်မှုလိုငွေ ၃၆၈ သန်းခန့်ရှိကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ် ပါက ကုန်သွယ်မှု ၂၂ ဒသမ ၃၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ရခြင်းမှာ စားအုန်းဆီနှင့် ဘိလပ်မြေများအား ပိုမိုတင်သွင်းခဲ့ရပြီး ပြည်ပပို့ကုန်များဖြစ်သည့် ငါး၊ ပုစွန်နှင့် ဆန်များတင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ တွင် ပြည်ပမှ စားအုန်းဆီတန်ချိန် ၇၆၈၀၀၀ ကျော်၊ ၂၀၁၈ မီနီဘတ်ဂျက်တွင် တန်ချိန် ၃၇၀၀၀၀ ကျော်၊ ၂၀၁၈-၂၀၁၉ တွင် တန်ချိန် ၈၅၅၀၀၀ ကျော်၊ ၂၀၁၉-၂၀၂၀ တွင် တန်ချိန် ၈၈၈၀၀၀ ကျော်၊ ယခုနှစ် တွင် စက်တင်ဘာလ ၁၇ ရက်အထိ တန်ချိန် ၇၉၀၀၀၀ခန့် အသီးသီးတင်သွင်း ခဲ့ရသည်ကို တွေ့ရှိရသဖြင့် မိမိတို့နိုင်ငံ တွင် ဆီစားသုံးမှုနှင့် ပတ်သက်၍ စနစ် တကျ ခြိုးခြံသုံးစွဲကြရန်လိုအပ်သည်ကို တွေ့ရှိရကြောင်း။
»» စာမျက်နှာ ၄ မှ
မိမိတို့အနေဖြင့် နိုင်ငံသာယာဝပြော ရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် တောင်သူများ၊ ကုန်ထုတ်လုပ်သူများ အားလုံး စိတ်ချမ်းသာစွာ ထုတ်လုပ်နိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများက ဘက်ပေါင်းစုံမှ ဆောင်ရွက်ကြရန်လို ကြောင်း၊ စိုက်ပျိုးရေးတောင်သူများအား ပညာပေးခြင်းများ၊ အားပေးခြင်းများ ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အတူ ပြည်တွင်း ဘိလပ်မြေထုတ်လုပ်မှု လုပ်ငန်းများမှ ဘိလပ်မြေထုတ်လုပ်မှုများ အား စွမ်းအားပြည့်လည်ပတ်၍ ပြည်ပမှ ဘိလပ်မြေတင်သွင်းမှုများကို လျှော့ချ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လို ကြောင်း။
ပြည်ပပို့ကုန်တိုးမြှင့်ရေး
မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဆန်များ ကိုလည်း ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်နိုင်မှသာ နိုင်ငံခြားဝင်ငွေများရရှိမည်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့နိုင် ရေးအတွက် အရည်အသွေးကောင်းမွန် သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက် ရန်လိုကြောင်း၊ ဈေးချင်းတူပါက အရည် အသွေးကောင်းရမည်၊ အရည်အသွေးချင်း တူပါက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရမည် ဖြစ်ကြောင်း၊ စပါး၊ ပဲ၊ ပြောင်းတို့သည် မိမိတို့နိုင်ငံ၏ အဓိက ပြည်ပပို့ကုန်များဖြစ်ကြောင်း၊ ကုန်ချော အဖြစ် တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြား ဝင်ငွေများပိုမိုရရှိမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးသည် အရေးကြီးကြောင်း။
လောင်စာဆီသုံးစွဲမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံအတွင်း ယခုနှစ် ဩဂုတ်လ အထိ ကုန်တင်ယာဉ်နှင့် လူစီးမော်တော် ယာဉ်စုစုပေါင်း ၁၁၄၀၀၀၀ ကျော်၊ မော်တော်ဆိုင်ကယ်စုစုပေါင်း ၆၄၅၀၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါယာဉ်များ အတွက် စက်သုံးဆီများအား ပြည်ပနိုင်ငံ များမှ တန်ချိန်ပေါင်းများစွာ တင်သွင်းနေ ရကြောင်း၊ ထိုသို့သုံးစွဲလျက်ရှိသည့် စက်သုံးဆီများ တင်သွင်းမှုလျှော့ချနိုင်ရေးအတွက် Public Transportation ဖြစ်သည့် ဘတ်စ်ကားများ၊ မြို့ပတ်ရထား များ၊ ခရီးဝေးရထားများပြေးဆွဲနိုင်ရေး အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေး အတွက် လူတစ်ဦးချင်းအနေဖြင့် အသိ စိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ရန်လိုသကဲ့ သို့ စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရသည့် အစိုးရအဖွဲ့အစည်းများအနေဖြင့် လည်း စက်သုံးဆီများသုံးစွဲမှုလျှော့ချနိုင် သည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက် ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားအသုံးပြုမောင်းနှင်ရသည့် ဘတ်စ်ကားများနှင့် အိမ်သုံးမော်တော်ယာဉ်များ အသုံးပြုနိုင် ရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုကြောင်း၊ အချို့နိုင်ငံများ တွင် လျှပ်စစ်ဓာတ်အားသုံးမော်တော် ယာဉ်များအား စတင်သုံးစွဲလျက်ရှိကြောင်း။
လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအား လျှပ်စစ်ထုတ်လုပ်ရေး၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးနှင့် လေအားသုံးလျှပ်စစ်ထုတ်လုပ်ရေးများ ဆောင်ရွက်နိုင်သည့် အရင်းအမြစ်များ များစွာရှိကြောင်း၊ အဆိုပါ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များအားအသုံးချ၍ စက်သုံးဆီသုံးစွဲမှုအား လျှော့ချနိုင်ရေး မဖြစ်မနေ ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့လျှော့ချနိုင်ခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
ပြည်ပမှတင်သွင်းနေ
စိုက်ပျိုးရေး လုပ်ငန်းများတွင် ဓာတ်မြေဩဇာများသုံးစွဲရပြီး အဆိုပါ ဓာတ်မြေဩဇာများအား ပြည်ပမှတင်သွင်း နေရကြောင်း၊ စိုက်ပျိုးမြေများအတွက် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း ဓာတ်မြေဩဇာ ထုတ်လုပ်ရေးစက်ရုံမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိ တို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံ ဖြစ်ပြီး ကျွဲ၊ နွား၊ ကြက်များအား မွေးမြူ ကြကြောင်း၊ အဆိုပါမွေးမြူရေးလုပ်ငန်း များအား စနစ်တကျမွေးမြူ၍ ၎င်းတို့၏ စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် သဘာဝ ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မွေးမြူရေးဆောင်ရွက်သူများ စနစ်တကျ ဖြင့် မွေးမြူစေရေးအတွက် အသိပညာပေး မှုများ ဆောင်ရွက်ပေးရန်လိုကြောင်း။
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နိုင်ငံ ရေးအခြေအနေအား အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါး ထုတ်လုပ်သူများအနေဖြင့် မူးယစ်ဆေးဝါးများအား နည်းလမ်း ပေါင်းစုံဖြင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိ ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာလအထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် စုစုပေါင်း ၅၂၈ ကြိမ်ရှိပြီး ဖမ်းဆီးရမိမူးယစ်ဆေးများ အနေဖြင့် WY ဆေးပြားပေါင်း ၁၂၈ သန်း၊ အိုက်စ် ၁၁၁၉၀ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၄၅၁ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁၂၂၇ ကီလို ဂရမ်၊ ကတ်တမင်း ၅၄၇ ကီလိုဂရမ်၊ ကိုကင်း ၇၄ ကီလိုဂရမ်နှင့် အခြားပစ္စည်း ၁၉၇၈၆၉ ကီလိုဂရမ် စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၀၆ ဒသမ ၉၇ ဘီလီယံရှိ ကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုများကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် တပ်မတော်အနေဖြင့် ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးကြရန်လိုကြောင်း၊ ဖမ်းဆီးရမိမှု များသည် မိမိတို့နိုင်ငံ၌ မူးယစ်ဆေးဝါးထုတ်လုပ်မှုရှိနေသည်ကိုပြနေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြီးစိုးသည့်နေရာများဖြစ်ကြောင်း။
အခွန်အကောက် ရရှိရေးနှင့် ပတ်သက်၍ တိုင်းပြည်၏ဝင်ငွေသည် အခွန်ငွေများဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီတာခများ၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများမှ ကောက်ခံလျက်ရှိသည့် အခွန်အကောက်များ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိရန်လိုကြောင်း၊ ပြည်သူ များအနေဖြင့် အခွန်ထမ်းလိုသည့်စိတ် ရှိပြီး ပေးသင့်ပေးထိုက်သည့်အခွန်များပေးဆောင်လိုသည့် အသိများရှိရန် လိုကြောင်း၊ တစ်ဖက်တွင်အခွန်ငွေများ လျှော့ချပေးထားသော်လည်း ရသင့် ရထိုက်သည့် အခွန်များရရှိစေရေး စနစ် တကျကောက်ခံရန်လိုကြောင်း၊ အခွန်ငွေ များရရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတည်ငြိမ် အေးချမ်းမည်ဖြစ်ကြောင်း။
ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေး
ပြည်သူများအတွက် ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးရန်လိုကြောင်း၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် ချုံနွယ်များရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျစွန့်ပစ်ရန် အတွက် ပြည်သူများအနေဖြင့် အသိစိတ် ရှိရှိဖြင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနများ မှလည်း ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ လူတစ်ဦးချင်း၏ Mind Set များ ကောင်းမွန်စေရေးအတွက် သန့်ရှင်း သာယာသည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်အောင် ဖန်တီးပေးရန်လိုကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူများစည်းကမ်းလိုက်နာမှု ရှိစေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ တွင် ပြုပြင်ရန်လိုအပ်သည့် ကဏ္ဍများစွာ ရှိနေသေးသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ပိုမိုကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်ကြောင်းမှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။
ဆီစားသုံးမှုလျှော့ချရန်လို
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဆီ ဝယ်ယူတင်သွင်းမှုပမာဏအရ ပြည်တွင်း ထွက် စားသုံးဆီမပါ အရွယ်ရောက်သူ တစ်ဦးအနေဖြင့် တစ်နှစ် ဆီစားသုံးမှုမှာ ၁၀ ပိဿာကျော်ခန့်ရှိသည်ကို တွက်ချက် မှုများအရ သိရှိရသဖြင့် တစ်ဦးချင်း ဆီစားသုံးမှုများကို လျှော့ချကြရန်လိုပြီး ကျန်းမာရေးနှင့်လျော်ညီသည့် ဆီစားသုံး မှုများရှိရန်လိုကြောင်း၊ ပြည်တွင်း၌ ဆီဖူလုံစွာ ထုတ်လုပ်နိုင်ပြီး ဆီစားသုံးမှု များကို လျှော့ချနိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ပြီး နိုင်ငံ၏နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ ဆီစားသုံးမှုလျှော့ချ ရေးအတွက် ပြည်သူများအား အသိပညာ ပေးသည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း။
မြေယာစီမံခန့်ခွဲမှုမူဝါဒနှင့်ပတ်သက် ၍ စီမံကိန်းလုပ်ငန်းများတွင် မြေနေရာ ရယူထားသူများအနေဖြင့် စိုက်ပျိုး ထုတ်လုပ်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ နှစ်အလိုက်စိုက်ပျိုးရမည့် သတ်မှတ်ချက် များရှိကြောင်း၊ သို့သော်လည်း စိုက်ပျိုးမြေ များကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်း များဖြင့် တရားမဝင်ဆောင်ရွက်နေကြ သည်ကို တွေ့ရကြောင်း၊ စီမံကိန်းများ ဆောင်ရွက်ရန် မြေနေရာများ ဖော်ဆောင် ရာတွင် မြေနေရာ ရယူထားသူများအနေဖြင့် မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်မှု မရှိသည်ကို တွေ့ရကြောင်း၊ မြေနေရာ ရယူထားသူများအနေဖြင့် မြေယာဥပဒေ နှင့် မူဝါဒများကို လိုက်နာကြရန် လိုအပ် ကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် အဖွဲ့အစည်းများက မှန်မှန်ကန်ကန်ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်၏ စိုက်ပျိုးမြေဧကလျော့ကျမှုမရှိစေရန်အတွက် တာဝန်ရှိသူ များက မြေယာစီမံခန့်ခွဲမှုများကို စနစ် တကျဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြေကိုတန်ဖိုးထားပြီး အကျိုးရှိအောင် ထိထိရောက်ရောက် အသုံးပြုရန်လိုအပ် ကြောင်း၊ နိုင်ငံအတွင်းရှိ မော်တော် ကားလမ်းများ၏ လမ်းနယ်နိမိတ်အကျယ် အဝန်းကို အတိအကျသတ်မှတ်ပေးထား ကြောင်း၊ လမ်းနယ်နိမိတ်များအတွင်း ကျူးကျော်ဝင်ရောက်မှုများ မဖြစ်စေရန် တာဝန်ရှိသူများက စနစ်တကျကိုင်တွယ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ဦးစားပေးဆောင်ရွက်
တိုင်းရင်းသားဒေသများနှင့်ပတ်သက် ၍ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေး ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့်အတူ တိုင်းရင်းသားများ၏ ကျန်းမာ ရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိအောင် ဖော်ဆောင်ပေးရ မည်ဖြစ်ကြောင်း၊ ထို့အတူ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ တိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ ရုပ်လုံးပေါ် အောင် ဆောင်ရွက်ပေးနိုင်မှသာ နိုင်ငံတော် အစိုးရအပေါ် ယုံကြည်မှုရှိလာမည်ဖြစ် ကြောင်း၊ သို့မှသာ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် နိုင်ငံတစ်နိုင်ငံ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များစုပေါင်းပြီး ပြည်ထောင်စု နိုင်ငံ ဖွဲ့စည်းထားကြောင်း၊ သို့ဖြစ်၍ ပြည်သူအားလုံး သာတူညီမျှ၊ အေးအတူ ပူအမျှ ရရှိခံစားရမည်ဖြစ်သောကြောင့် စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရေ၊ မြေ၊ သဘာဝ သယံဇာတများနှင့် အတတ်ပညာများရှိ သည့်အတွက် အားလုံးဝိုင်းဝန်းကြိုးစားပါ က ၅ နှစ်အတွင်း အာဆီယံတွင် အလယ် အလတ်အဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ် ကြောင်း၊ ပိုမိုကြိုးစားပါက ၁၀ နှစ်အတွင်း အာဆီယံတွင် ထိပ်တန်းနိုင်ငံ တစ်နိုင်ငံ အဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အစိုးရသည် ပြည်သူလူထုအတွက် အရိပ် ဖြစ်သဖြင့် အစိုးရ၏အရိပ်အောက်တွင် ပြည်သူများ အေးအေးချမ်းချမ်း ပျော်ပျော် ရွှင်ရွှင် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ အစိုးရအနေဖြင့် ပြည်နယ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းဥပဒေပါ စီမံကိန်း လုပ်ငန်းများကို အကျိုးရှိရှိဆောင်ရွက် သွားကြစေလိုကြောင်း မှာကြားသည်။
သတင်းစဉ်