
မြစ်ကြီးနား စက်တင်ဘာ ၂၆
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ပြည့်မီစွာ ဆောင်ရွက်နိုင်ရေးနှင့် ဓာတ်မြေသြဇာဈေးနှုန်း ကြီးမြင့်လာမှုအပေါ် တောင်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးတို့အတွက် လိုအပ်သည့် ဓာတ်မြေသြဇာ ကို ပြည့်မီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည်။
ညှိနှိုင်းဆွေးနွေး
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ် ဦးစီးမှူးတို့က ပြည်နယ်အတွင်း စိုက်ပျိုးလျက်ရှိသည့် မိုးစပါး၊ နွေစပါး စိုက်ဧက ငါးသိန်းကျော်အတွက် ဓာတ်မြေသြဇာ လိုအပ်ချက်ရှိသည့် အခြေအနေများ၊ တောင်သူများ ပြင်ပမှ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူ သုံးစွဲနေရမှုအခြေအနေများ၊ နိုင်ငံတော်မှ ထုတ်လုပ် သည့် ဓာတ်မြေသြဇာများကို ဖြန့်ဖြူပေးသွားမည့် အစီအစဉ်များ၊ နိုင်ငံတော်မှ သတ်မှတ်သင့်သည့် နှုန်းထားနှင့် ပြည်နယ်၏ ဓာတ်မြေသြဇာလိုအပ်ချက် အပေါ်အခြေခံ၍ ဝယ်ယူဖြန့်ဖြူးပေးနိုင်သည့် ပဏာမ သတ်မှတ်ရန် ကိစ္စရပ်များ၊ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးမြေဧကများ အတွက် နိုင်ငံတော်မှ ဓာတ်မြေသြဇာအခမဲ့ ထောက်ပံ့ ပေးနိုင်ရေးအတွက် စာရင်းကောက်ယူထားရှိမှုနှင့် ဓာတ်မြေသြဇာ လိုအပ်ချက် ပြည့်မီစွာဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာယူတင်သွင်းရန်ကိစ္စရပ် များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးမှုများအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်၏ ဓာတ်မြေသြဇာ လိုအပ် သည့် ပဏာမအပေါ် အခြေခံ၍ နိုင်ငံတော်မှ ထုတ်လုပ်သည့် ပုလဲဓာတ်မြေသြဇာများ မှာယူပြီး အနိမ့်ဆုံးဈေးဖြင့် တောင်သူများထံ ဖြန့်ဖြူးနိုင်ရေး၊ လိုအပ်သည့် ပဏာမအပေါ် တောင်သူများ ဝန်ထုပ် ဝန်ပိုးမဖြစ်စေရေးအတွက် စနစ်တကျမှာယူ ဖြန့်ဖြူး ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)