လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်လျက် ငွေကြေးလိမ်လည်တောင်းခံရာတွင် ပါဝင်ပတ်သက်သူများ ဖမ်းဆီးရမိ

 

အမှုကိစ္စနှင့်ပတ်သက်၍ ငွေကြေးတောင်းခံမှု အပါအဝင် ဥပဒေမဲ့လုပ်ရပ်များရှိလာပါက တိုင်ကြားနိုင်

နေပြည်တော်    စက်တင်ဘာ    ၂၆    


လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်လျက် ငွေကြေးတောင်ခံ၍   အမြတ်ထုတ်ကာ     လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကို ထင်ယောင်ထင်မှား  ဖြစ်အောင် ဆောင်ရွက်သူများအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။


ဖြစ်စဉ်မှာ   မန္တလေးတိုင်းဒေသကြီး၊   ချမ်းမြ သာစည်မြို့နယ်   (စ)ရပ်ကွက်   မနော်ဟရီလမ်း ၆၇ x ၆၈ လမ်းကြားတွင် KKY စတီးလ်လုပ်ငန်း လုပ်ကိုင်သူ  မျိုးညွန့်  (ခ) ကရင်လေးသည်    PDF အဖွဲ့ဝင်များကို    ငွေကြေးထောက်ပံ့မှုများ    ရှိနေ  ကြောင်းသိရှိ၍     စက်တင်ဘာ    ၁၁   ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် နေအိမ်သို့ သွားရောက် ခေါ်ယူထိန်းသိမ်းကာ  လိုအပ်သည့် စစ်ဆေးမေးမြန်း မှုများ    ဆောင်ရွက်ခဲ့ပြီး    PDF      အဖွဲ့ဝင်များနှင့် ပတ်သက်မှုမရှိကြောင်း သိရှိရသဖြင့် စက်တင်ဘာ ၁၈ ရက်တွင် ပြန်လည်စေလွှတ်ပေးခဲ့သည်။


အဆိုပါ မျိုးညွန့် (ခ) ကရင်လေးကို စစ်ဆေး နေစဉ်ကာလ  စက်တင်ဘာ  ၁၃  ရက်တွင်  ၎င်း၏  ဇနီးဖြစ်သူ  မဝေဝေလင်းထံ  အမျိုးသားတစ်ဦးက ဖုန်းဆက်သွယ်၍ ၎င်းမှာ နန်းတွင်းမှအရာရှိတစ်ဦးဖြစ်ကြောင်း၊ မျိုးညွန့် (ခ) ကရင်လေး ပြန်လည် လွတ်မြောက်ရန်အတွက် ငွေကျပ်သိန်း ၂၀၀ ပေးရ မည်ဖြစ်ကြောင်း တောင်းခံလာသဖြင့် မဝေဝေလင်း  က ငွေကျပ်သိန်း ၁၆၀ သာ ပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပြီး   ယင်းသို့   ငွေတောင်းခံမှုကို စက်တင်ဘာ   ၁၄   ရက်တွင်    အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူများထံသို့ အကြောင်းကြား  တင်ပြခဲ့သည်။


တိုင်းစစ်ဌာနချုပ်က စိစစ်ဖော်ထုတ်ချက်အရ  လိမ်လည်ငွေတောင်းခံမှုနှင့်    ဆက်နွှယ်သူများဖြစ် သည့် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၂)နေ ပိုင်ဖြိုးဟိန်း (ဘ) ဦးသန်းဝင်း အသက် (၂၀ နှစ်) နှင့် ပြင်ဦးလွင်မြို့၊  ရပ်ကွက်ကြီး (၂) မြမာလာရပ်နေ သန်းထိုက်အောင် (ဘ) ဦးသန်းဝင်း အသက် (၃၂ နှစ်) တို့ကို စက်တင်ဘာ  ၁၅ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံ နှစ်ဦး၏   ထွက်ဆိုချက်အရ ၎င်းတို့အား ဇင်မင်းခန့် ဆိုသူက  ငွေလွှဲထုတ်ရန်  စေလွှတ်ခဲ့ကြောင်း  သိရှိရ သဖြင့် ပြင်ဦးလွင်မြို့နယ် ပင်လိမ်ကျေးရွာရှိ ဇင်မင်း ခန့် နေအိမ်သို့ သွားရောက်ဖမ်းဆီးရာ ဇင်မင်းခန့်မှာ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဇနီးဖြစ်သူ  ဝေဝေခိုင်ကို  တွေ့ရှိရကာ ဝေဝေခိုင်အားစစ်ဆေး ချက်အရ ဇင်မင်းခန့်မှာ မျိုးညွန့် (ခ) ကရင်လေးနှင့် မယားညီအစ်ကို တော်စပ်သူဖြစ်ကြောင်း၊ ဝေဝေလင်း နှင့် ဝေဝေခိုင်မှာ ညီအစ်မတော်စပ်သူဖြစ်ကြောင်း ဇင်မင်းခန့်အနေဖြင့်      မျိုးညွန့်နှင့်   ပတ်သက်ပြီး   သတင်းမှားများပေး၍   မျိုးညွန့်   ဖမ်းဆီးခံရကာ စစ်ဆေးနေစဉ်  မဝေဝေလင်းထံသို့ ဖုန်းဆက်သွယ် ရယူ၍  နန်းတွင်းမှ  အရာရှိအနေဖြင့်  ငွေကြေး တောင်းခံခဲ့ကြောင်း သိရှိရသည်။ သို့ဖြစ်၍ တရားခံ ဇင်မင်းခန့်အား ဖမ်းဆီးရမိရေးအတွက် ပြင်ဦးလွင်သို့ ငွေလွှဲပို့နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ  ငွေလွှဲထုတ်ယူ ရန်  လာရောက်သူ ပိုင်ဖြိုးဟိန်းနှင့် သန်းထိုက်အောင် ကို ဖမ်းဆီးရမိခဲ့ပြီး  တရားဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ပြင်ဦးလွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌  အမှု ဖွင့်လှစ်ဆောင်ရွက်   ထားရှိကြောင်းနှင့်   တရားခံ ဇင်မင်းခန့်အား ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။


အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားလုံခြုံရေးတပ်ဖွဲ့ဝင် များ အယောင်ဆောင်လျက် ငွေကြေးတောင်းခံ၍  အမြတ်ထုတ်ခြင်း၊       လုံခြုံရေး   တပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာအား ထင်ယောင်ထင်မှား သံသယဖြစ်စေ  ခြင်းတို့  မကြာခဏ  ဖြစ်ပေါ်ဖြေရှင်းရလျက်  ရှိပါ သဖြင့် ပြည်သူတစ်ရပ်လုံးအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊  ဆွေမျိုးအသိုက်အဝန်းမှဖြစ်စေ၊ မိမိပတ်ဝန်းကျင် ၌ဖြစ်စေ အမှုကိစ္စနှင့်ပတ်သက်၍ ငွေကြေးတောင်းခံမှု အပါအဝင် ဥပဒေမဲ့လုပ်ရပ်များရှိလာပါက နီးစပ်ရာ  လုံခြုံရေးစစ်ကြောင်းများ၊     မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစခန်း၊  ဌာနချုပ်များသို့  အသိပေးတိုင်ကြားနိုင်ပါ ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။


သတင်းစဉ်