
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နေထိုင်သည့်ဒေသများ တွင်လည်း ထိုးနှံပေးနိုင်ရန် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့အနေဖြင့် အကြောင်းအမျိုးမျိုးပြကာ NCA သဘောတူညီချက်များကို ချိုးဖောက်မှုများ ရှိသော်လည်း မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား နိုင်ငံသားများ၏ ရပိုင်ခွင့်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့်ပတ်သက်ပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှ မကျန်စေလိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်ဒေသများ အပြင် ရခိုင်ပြည်နယ်ရှိ အကျုံးဝင်သူများကိုလည်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ မိမိအနေဖြင့် နိုင်ငံရေးအရ ဆောင်ရွက်ပေးနေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားအရေးနှင့် နိုင်ငံ့အတွက် ဆောင်ရွက်ပေးနေ ခြင်းဖြစ်ကြောင်း၊ ပါတီစွဲ၊ လူပုဂ္ဂိုလ် အစွဲမထားဘဲ လူသားတစ်ယောက်အနေဖြင့် တာဝန်သိသိ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်သာယာ၀ပြောရေး ဆောင်ရွက်ရာတွင် အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၉-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)