
နေပြည်တော် စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ်ရေးအတွက် စစ်ဆေးရေး ဆောင်ရွက်နေသည့် ရွှေကျင် စစ်ဆေးရေးဂိတ်အား လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည့် အကြမ်းဖက်သူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပုသိမ်ကြီး မြို့နယ် မန္တလေး-မတ္တရာ ကား လမ်းပေါ် ရွှေကျင်စစ်ဆေးရေးဂိတ် ဟောင်းအနီး ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက စစ်ဆေးရေး ဆောင်ရွက်နေစဉ် ဆိုင်ကယ် မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသားတစ်ဦး က လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ခဲ့ရာ စစ်ဆေးရေးဂိတ် ၏ မြောက်ဘက်ရှိ သဲအိတ်ဘန် ကာအတွင်း ကျရောက်ပေါက်ကွဲ ခဲ့သည်။
ထိုကဲ့သို့ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ကာ ထွက် ပြေးသွားသည့် အကြမ်းဖက်သမား အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အောင်မြေ သာစံမြို့နယ် ဥယျာဉ်ရပ်ကွက်နေ လွင်ထူး (၄၇ နှစ်)ကို ဖမ်းဆီးရမိ ခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ၎င်း၏သားဖြစ်သူ ကျော်ဇင်မင်း (၁၇ နှစ်)ကို ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
ဖြစ်စဉ်တွင် လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် မတ္တရာမြို့နယ် နံ့သာမြိုင်ကျေးရွာ နေ အမျိုးသမီးငယ် သုံးဦးတို့တွင် ဖူးရောင်နာကျင်ဒဏ်ရာများ ရရှိ ခဲ့သဖြင့် လွင်ထူးပါ နှစ်ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်