
တောင်ကြီး စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် (၁/၂၀၂၁)ကြိမ်မြောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၂၄ ရက်က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် ရှမ်း ပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ရှမ်းပြည်နယ် အတွင်း တိုင်းရင်းသားလူမျိုးစု ၃၃ မျိုးစု မှီတင်းနေထိုင်လျက် ရှိကာ တိုင်းရင်းသားများ၏ ရိုးရာ ဝတ်စားဆင်ယင်မှု၊ ဓလေ့ထုံး တမ်း၊ လူမှုဘဝနေထိုင်မှုများသည် မတူကွဲပြားသဖြင့် ခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်နိုင် မည့် အရင်းအမြစ်တစ်ခုဖြစ် ကြောင်း၊ ပြည်နယ်အတွင်း တောင်ကုန်း တောင်တန်းများ၊ သဘာဝလိုဏ်ဂူများ၊ အလွန် လှပသည့် သဘာဝရေတံခွန်များ၊ ပေ ၇၀၀၀ အထက် မြင့်သော တောင်ထိပ်များတွင် ရာသီချိန် ပွင့်သည့် တောင်ဇလပ်ပန်းများ သည်လည်း ခရီးသွားလုပ်ငန်း အတွက် ဆွဲဆောင်မှုဖြစ်ကြောင်း မြန်မာနိုင်ငံ၏ အဓိက ခရီးစဉ် ဒေသကြီး လေးခုဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး တို့အနက် အင်းလေးကန်ခရီးစဉ် သည် ရှမ်းပြည်နယ်တောင်ပိုင်း တွင် ပါဝင်ကာ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီအခြေအနေတွင် ရှမ်း ပြည်နယ်အတွင်း ပြည်တွင်း ဧည့်သည် ရှစ်သိန်းနီးပါး၊ ပြည်ပ ဧည့်သည် လေးသိန်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ပြောကြားသည်။
ယခုအခါ နိုင်ငံတော်၏ ပြောင်းလဲလာသည့် ဖွဲ့စည်းပုံနှင့် အညီ တိုင်းဒေသကြီး/ပြည်နယ် ခရီးသွားလုပ်ငန်း ကော်မတီများ ကို ပြင်ဆင်ဖွဲ့စည်းကာ ကော်မတီ အဖွဲ့ဝင် ပြောင်းလဲမှုရှိရာ ကော်မတီဝင်များအနေဖြင့် ရှမ်း ပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အကြံဉာဏ် ကောင်းများရှိပါက ဆွေးနွေး အကြံပြုပေးကြပါရန်လည်း ပြော ကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဦးထင်အောင်နိုင်က ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ်များနှင့် အစည်း အဝေးတွင် ဆုံးဖြတ်ချက်ရယူရ မည့် ကိစ္စရပ်များကို ရှင်းလင်း တင်ပြပြီး အစည်းအဝေး တက် ရောက်သူများက လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးကြသည်။
မောင်မောင်သန်း
(တောင်ကြီး)