စိုက်ပျိုးရေးသိပ္ပံ(သထုံ)တွင် မွေးမြူရေးဒီပလိုမာဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်

 

သထုံ    စက်တင်ဘာ    ၂၅


မွန်ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်းသည်  ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ   စိုက်ပျိုးရေးသိပ္ပံ(သထုံ)တွင်  မွေးမြူရေးဒီပလိုမာဖွင့်လှစ်နိုင်ရန် အပါအဝင် သထုံခရိုင်နှင့်   မြို့နယ်အတွင်း   ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို     ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။ 


ပြည်နယ်ဝန်ကြီးချုပ်သည် သထုံမြို့ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ စဉ်    ဝန်ထမ်းများအနေဖြင့်    ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ  နေထိုင်ရေး၊ ပါတီနိုင်ငံရေး ကင်းရှင်းရေး၊ မြို့နယ်အတွင်း  ဌာနအလိုက်  ဆောင် ရွက်နေသည့်      ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်စောင့်ကြည့်ကာ လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းရေး  မှာကြားပြီး ဌာနဆိုင်ရာ များ၏  ဖွံ့ဖြိုးရေးလိုအပ်ချက်  တင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။


ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် သုဝဏ္ဏဝတီမြို့ရှိ  ဘက်စုံအဆင့်မြင့်နည်းပညာ သုံး  စံပြကျေးရွာ ဧက ၃၀၀ စိုက်ခင်းသို့ရောက်ရှိပြီး တာဝန်ရှိသူတစ်ဦးက  စံပြကျေးရွာ  ဧက ၃၀၀ ၌ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့်   သထုံမြို့နယ်အတွင်း မိုးစပါး  RS-CS မျိုးသန့်မျိုးစေ့ထုတ်   စိုက်ခင်း ဆောင်ရွက်မည့်        အခြေအနေတို့ကို    ရှင်းလင်း တင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်သည်   သိမ်ဆိပ် ကျေးရွာရှိ     မွေးမြူရေးတောင်သူ  ဦးချိုတူး၏ အသားတိုး   ကြက်မွေးမြူရေးခြံသို့လည်း   သွား ရောက်ကြည့်ရှုရာ    တာဝန်ရှိသူများက အသားတိုး ကြက်မွေးမြူထားရှိမှုနှင့်  အခက်အခဲများကို  တင်ပြ ၍ ပြည်နယ်ဝန်ကြီးချုပ်က   ညှိနှိုင်းဆောင်ရွက်ပေး သည်။


ပြည်နယ်ဝန်ကြီးချုပ်သည် မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်းသို့  သွားရောက်ကာ ကျောင်းတာဝန်ရှိသူများနှင့်တွေ့ဆုံ၍     ကျောင်း ပြန်လည်ဖွင့်လှစ်သည့်ကာလ၌   အဆင်သင့်ဖြစ်စေ ရန် ကြိုတင်ပြင်ဆင်နေမှုများ၊ လိုအပ်ချက်များနှင့် စိုက်ပျိုးရေးသိပ္ပံ(သထုံ)တွင်   မွေးမြူရေးဒီပလိုမာဖွင့်လှစ်နိုင်ရန် တင်ပြချက်များအပေါ်  ပြည်နယ် အစိုးရအဖွဲ့မှ    တာဝန်ရှိသူများနှင့်    ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ဆက်လက်၍  သထုံမြို့ရှိ အထက(၄)ကျောင်း ဉာဏ်ဝေယံခန်းမ၌      သထုံမြို့နယ်အတွင်းရှိ တပ်မတော်တပ်ရင်းတပ်ဖွဲ့ ခြောက်ခုနှင့် ကျေးရွာ အုပ်စု ၁၃ အုပ်စုတို့ထံ       ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား  ၁၆၉၉ ခုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက သက်ဆိုင်ရာ   ဒေသခံပြည်သူများထံ   လက်ဝယ် အရောက်   ပေးအပ်ခဲ့ပြီးနောက်   ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)  ကျောင်းဝင်းအတွင်း ၌ ခွင့်ပြုရန်ပုံငွေကျပ် ၈၉၉ သန်းဖြင့် တည်ဆောက် နေသည့်    ကျောင်းသား ကျောင်းသူ ၁၆၀ ဆံ့   RC နှစ်ထပ်အိပ်ဆောင်နှင့် ထမင်းစားဆောင်  ဆောက် လုပ်နေမှုလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။


ခရိုင်(ပြန်/ဆက်)