ဆီးရီးယားနိုင်ငံ၌ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပဋိပက္ခကြောင့် သေဆုံးသူ သုံးသိန်းခွဲကျော်ရှိလာ

 

ဂျီနီဗာ  စက်တင်ဘာ  ၂၅


၂၀၁၁ ခုနှစ် မတ်လမှ ၂၀၂၁  ခုနှစ် မတ်လအတွင်း ဆီးရီးယားပဋိပက္ခအတွင်း သေဆုံးရသူ ၃၅၀၂၀၉ ဦးရှိ သည်ဟု ကုလသမဂ္ဂက စက်တင်ဘာ ၂၄ ရက်တွင်  လူအခွင့်အရေးကောင်စီ၏ ၄၈ ကြိမ်မြောက် အစည်း အဝေးတွင် အစီရင်ခံစာတင်ပြခဲ့သည်။  
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ၏     အချက်အလက်များအပေါ် မူတည်ပြီး        ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း     ကုလသမဂ္ဂ လူ့အခွင့်အရေး     ကော်မရှင်နာ  မီရှဲလ်ဘက်ချလက်က    ပြော သည်။ 
ဆီးရီးယားအစိုးရနှင့်   လူမှု  အဖွဲ့အစည်းများထံမှ   ရရှိသော အချက်အလက်များကို   စုစည်း ထားခြင်းဖြစ်သည်ဟုလည်း ၎င်း က ဆက်လက်ပြောကြားသည်။ 
ဆီးရီးယား  ပဋိပက္ခအတွင်း သေဆုံးခဲ့ရသည့်  ၃၅၀၂၀၉   ဦး ရှိပြီး ၎င်းတို့အနက် ၁၃  ယောက် တိုင်းလျှင် အမျိုးသမီးတစ်ဦးနှင့်   ကလေးတစ်ဦးစီ    ပါဝင်သည်ဟု   ဆက်လက် ပြောကြားခဲ့သည်။ 
သေဆုံးမှုများမှာ ယခုစာရင်းထက်ပိုမိုများပြားနိုင်ပြီး  အချက် အလက်    အပြည့်အဝမရှိခြင်း ကြောင့် ဖော်ပြနိုင်ခြင်းမရှိဟု ၎င်း က ဆက်ပြောသည်။ 
ဆီးရီးယားနိုင်ငံတွင်  ၂၀၁၁ ခုနှစ်၌   ပဋိပက္ခစတင်ခဲ့ပြီး စစ်ပွဲ အသွင်သို့ လျင်မြန်စွာပြောင်းလဲခဲ့ သည်။ 
ပြီးခဲ့သည့်      နှစ်များအတွင်း ဆီးရီးယားအစိုးရ  ကိုယ်စားလှယ် များနှင့်     အတိုက်အခံဘက်မှ ကိုယ်စားလှယ်များ     ဂျီနီဗာတွင် အကြိမ်ပေါင်းများစွာ   ဆွေးနွေးခဲ့ ကြသည်။     သို့သော်လည်း   အဖြေရှာရန်        ပျက်ကွက်ခဲ့ကြ သည်။

ဆင်ဟွာ