ရင်းနှီးမြှုပ်နှံသူများအပေါ် ဝန်ဆောင်မှုများပေးရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရေးအတွက် Online စနစ် အသုံးပြုဆောင်ရွက်ပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်

 

ရန်ကုန်   စက်တင်ဘာ   ၂၅


ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည်   ယနေ့   နံနက်ပိုင်းတွင်    ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူးရုံးရှိ တစ်နေရာတည်း၌ တစ်စုတစ်စည်း တည်း အလုံးစုံဝန်ဆောင်မှုပေးသည့်အဖွဲ့ One Stop Service (OSS) ၏      လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။ 


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့ကို  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးနှင့်   OSS ရုံး၏   တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို    ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံသူများအပေါ် ဝန်ဆောင်မှုများပေးရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေ ရေးအတွက် Online စနစ် အသုံးပြုဆောင်ရွက်ပေး နိုင်ရေး ပြင်ဆင်ဆောင်ရွက်စေရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ      ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရေးကိစ္စများကိုလည်းကောင်း၊  စံပြုလုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ  မြန်ဆန်သွက်လက်လာရေးကိစ္စများကို လည်းကောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ပံ့ပိုးဆောင် ရွက်ပေးနိုင်မှုအခြေအနေများ၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ဆောင်ရွက်ပေးနိုင်မည့်   ကိစ္စရပ်များကို လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ ပြီး  ရင်းနှီးမြှုပ်နှံမှုနှင့်   စီးပွားရေးအသိုက်အဝန်း၏ အားကိုးယုံကြည်ရသည့် မိတ်ဖက်ဌာနများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် အလေးထားမှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် One Stop Service ဌာနအသီးသီးမှ လုပ်ငန်းဆောင်ရွက်နေမှု များနှင့်    Online စနစ်    ဆောင်ရွက်ရန်အတွက် ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ နိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်း  ရှင်များအသင်းမှ   တာဝန်ရှိသူများကို  တွေ့ဆုံ၍ ပြည်တွင်း၌   မြေဩဇာထုတ်လုပ်မှုမြှင့်တင်ရေး၊ မြေဩဇာထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ လွယ်ကူချောမွေ့စေရေး၊ မြေဩဇာထုတ်လုပ်ရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် သီးနှံရာသီအလိုက် လုံလောက်စွာ ဖြန့်ဖြူးနိုင်ရေးကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။      

သတင်းစဉ်