
နေပြည်တော် စက်တင်ဘာ ၂၄
၂၀၂၁ ခုနှစ် ဩဂုတ် ၁၂ ရက်တွင် အဲကမ္ဘောဇ လေကြောင်းလိုင်းမှ ဝန်ထမ်းများသည် ရန်ကုန်-ဟဲဟိုးခရီးစဉ် ပျံသန်းပြေးဆွဲရန်အတွက် ATR-72-600 လေယာဉ်အမှတ် (XY-AMP)အား မပျံသန်းမီ စစ်ဆေးခြင်း (Pre Departure Inspection) ဆောင်ရွက်ခဲ့ရာ လေယာဉ်၏ညာဘက် Pitot Tube နှင့် ဘယ်ဘက် Pitot Tube များအတွင်းမှ သစ်ရွက် များ တွေ့ရှိခဲ့သဖြင့် ခရီးစဉ်ကို ATR-72-600 လေယာဉ်အမှတ် (XY-AMO) ဖြင့် ပြောင်းလဲ၍ ပျံသန်း ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလေယာဉ်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပျံတက်ပြီး ၇ မိနစ်အကြာ အမြင့် ပေ ၄၁၀၀ အရောက်တွင် လေယာဉ် အလိုအလျောက် မောင်းနှင်သည့် စနစ် (Auto Pilot System) ချွတ်ယွင်းမှုဖြစ်ပွားသဖြင့် ခရီးစဉ် အား ဆက်လက်ပျံသန်းခြင်းမပြု ဘဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက် ၍ လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လေယာဉ်၏ ဘယ်ဘက် Pitot Tube အတွင်း သစ်ရွက်များ တွေ့ရှိခဲ့သဖြင့် ခရီး စဉ်ကို ATR-72-600 လေယာဉ် အမှတ်(XY-AMN) ဖြင့် ဆက်လက် ပျံသန်းနိုင်ရေးအတွက် မပျံသန်း မီ စစ်ဆေးခြင်း (Pre Departure Inspection) ဆောင်ရွက်ခဲ့ရာ ATR-72-600 လေယာဉ်အမှတ် (XY-AMN) တွင်လည်း လေယာဉ် ၏ ဘယ်ဘက် Pitot Tube တွင် လည်း သစ်ရွက်များ ထည့်သွင်း ထားကြောင်း ထပ်မံစစ်ဆေး တွေ့ရှိခဲ့ရသည်။
စုံစမ်းစစ်ဆေး
အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ပြီး သံသယရှိသူများကို လိုအပ် သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ တရားခံ သိန်းလင်းထိုက် (Line Maintenance Manager)၊ (၃၈နှစ်)၏ ထွက်ဆိုချက်အရ ဇွန်လတွင် အဲကမ္ဘောဇလေကြောင်း လိုင်းမှ CDM ပြုလုပ်ပြီး ခင်ကျော် (UNRA) ထံတွင် အကြမ်းဖက် သင်တန်း တက်ရောက်ခဲ့သည့် ဖမ်းဆီးရန်ကျန် နိုင်လင်းအောင်က ဖုန်းဆက်၍ လေယာဉ်၏ Pitot Tube အတွင်းသို့ သစ်ရွက်များ ထည့်၍ လေယာဉ်ခရီးစဉ်များ ကမောက်ကမဖြစ်အောင် ဆောင် ရွက်ပေးရန် ပြောကြားခဲ့ကြောင်း၊ ၎င်းနောက် နေမျိုးရှိုင်းနှင့် ရာဇာ ဝင်းနိုင်တို့ကို Pitot Tube အတွင်း သို့ သစ်ရွက်များထည့်မည့်ကိစ္စ နှင့်ပတ်သက်၍ ပြန်လည်ပြောပြ ပြီး ယင်းတို့အနေဖြင့် မသိချင် ယောင်ဆောင်ပေးရန် ပြောကြား ခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိတရားခံ သိန်းလင်း ထိုက်၏ ထွက်ဆိုချက်အရ ဩဂုတ် ၅ ရက်တွင် အဲကမ္ဘောဇ လေကြောင်းလိုင်းမှ နန်ဆွင်း ခိုင်(ခ)ခိုင်ပီး (B1 စက်ပြင်-၃ ရုံး တာဝန်)နှင့်တွေ့ဆုံ၍ လေကြောင်း ကုမ္ပဏီအပေါ် ခရီးသည်များက ယုံကြည်မှုကင်းမဲ့၍ နာမည် ပျက်စေရန်ရည်ရွယ်ပြီး လေယာဉ် များရှိ Pitot Tube အတွင်း သစ်ရွက်များထည့်ရန် ပြောကြား ခဲ့ရာ နန်ဆွင်းခိုင်(ခ) ခိုင်ပီး က သဘောတူခဲ့သဖြင့် ဩဂုတ် ၇ ရက် တွင် တရားခံ သိန်းလင်းထိုက်က နန်ဆွင်းခိုင်(ခ) ခိုင်ပီးကို ATR-72-600 လေယာဉ်အမှတ် (XY-AMP)၏ ညာဘက် Pitot Tube အတွင်းသို့ သစ်ရွက်များထည့်ရန် နှင့် နိုင်ထက်အောင်ကို ATR-72-600 လေယာဉ်အမှတ်(XY-AMN)နှင့် ATR-72-600 လေယာဉ်အမှတ် (XY-AMP)တို့၏ Pitot Tube အတွင်းသို့ သစ်ရွက်များထည့်ရန် ခိုင်းစေခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဖမ်းဆီးရမိ တရားခံ သိန်းလင်းထိုက်အနေဖြင့် ဩဂုတ် ၈ ရက် ညနေ ၃ နာရီ ၃၅ မိနစ်တွင် ATR-72-600 လေယာဉ်အမှတ် (XY-AMO)၏ ဘယ်ဘက် Pitot Tube နှင့် လေယာဉ်အမှတ်(XY-AMP)၏ဘယ်ဘက် Pitot Tube အတွင်းသို့ သစ်ရွက်များ လိပ်၍ ကိုယ်တိုင်ထည့်ခဲ့သည့်အပြင် လေယာဉ်ဘီးမူလီနှင့် အင်ဂျင် ပါဝါလီဘာရှိ ဘိုးနပ်များအား လျှော့ထားရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။
အဖျက်အမှောင့်လုပ်ရပ်
ထိုကဲ့သို့ လေယာဉ်များ၏ Pitot Tube အတွင်းသို့ သစ်ရွက် များထည့်ခြင်းဖြင့် လေယာဉ် လေထဲတွင် ပျံသန်းနိုင်မည့် အနိမ့် ဆုံး အမြန်နှုန်းကိုမထိန်းနိုင်ဘဲ ပျက်ကျပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ပြီး လေယာဉ်နှင့် လေယာဉ်လိုက်ပါ စီးနင်းသော အပြစ်မဲ့ခရီးသည် များအတွက် အလွန်အန္တရာယ် ကြီးမားသော အဖျက်အမှောင့် လုပ်ရပ်ဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံ များကို တရားဥပဒေအရ ထိရောက် စွာ အရေးယူသွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများအား အမြန် ဆုံးဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်