
ရန်ကုန် စင်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဗဟန်း မြို့နယ်တွင် ရပ်ကွက်အလိုက် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများ အား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်က ရပ်ကွက်များတွင် ကာကွယ်ဆေးထိုးနှံပေးသည်။
ဗဟန်းမြို့နယ်တွင် ရပ်ကွက်အလိုက် ကာကွယ်ဆေးများထိုးနှံပေး မှုကို စက်တင်ဘာ ၂၃ ရက်က ငါးထပ်ကြီးအနောက်၊ ဆရာစံမြောက် အနောက်၊ ဗိုလ်ချို(၁)ရပ်ကွက်ကိုလည်းကောင်း၊ စက်တင်ဘာ ၂၄ ရက် က ကျိုက္ကဆံအလယ်၊ ရွှေဂုံတိုင်ရပ်ကွက်ကိုလည်းကောင်း၊ စက်တင် ဘာ ၂၅ ရက်တွင် ငါးထပ်ကြီးတောင်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်ကို လည်းကောင်း ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး