
နေပြည်တော် စက်တင်ဘာ ၂၄
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံး အောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်း များ၊ မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း(အပေါ်ယာပုံ) နှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ လေးခုမှ ယာဉ်စီးရေ ၁၈ စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) ၇၁၈၅ ခု၊ Oxygen Plant နှစ်ခု၊ အိမ်သုံး Oxygen Concentrator ၁၀၃ ခု၊ PPE ဝတ်စုံ ၂၀၀ နှင့် နှာခေါင်းစည်း (Mask) ၇၇ တန် တင်သွင်းခဲ့သည်။ Oxygen Plant နှစ်ခုမှာ ပဲနွယ် ကုန်းမြို့နှင့် ညောင်ရွှေမြို့တို့သို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာတာဝန် ရှိသူများထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်