
ကန့်ဘလူ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူများ၊ အနီးဝန်းကျင်ရှိ မြို့နယ်များနှင့် ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင်လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အောက်ဆီဂျင်စက်သစ်ကြီးသည် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ သို့ ယမန်နေ့က ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့အတွက် အသုံးပြုမည့် အဆိုပါ အောက်ဆီဂျင်စက်ကြီးကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ပေးထားကြောင်း၊ အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ၊ ၄၀၀ ဗို့ဓာတ် အားလိုင်း၊ ၁၀၀ ကေဗွီအေထရန်စဖော်မာနှင့် လျှပ် စစ်မီးကြိုးများ သွယ်တန်းခြင်းတို့အတွက် ဒေသခံ အလှူရှင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ဆရာတော်သံဃာတော်များ၊ ရပ်နီးရပ်ဝေး မှ စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်းမှ စေတနာရှင် အလှူရှင်များကလည်း အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်း ဘဏ္ဍာငွေရှာဖွေ ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်သစ်ကြီး၏ တန်ဖိုးမှာ ငွေကျပ်သိန်း ၁၄၀၀ ရှိကြောင်း၊ မကြာမီရက်ပိုင်း အတွင်း စတင်ထုတ်လုပ်လည်ပတ်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးတို့နှင့်အတူ သွားရောက် ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေး သည်။
ယင်းအောက်ဆီဂျင်စက် လည်ပတ်နိုင်ပါက တစ်ရက်လျှင်(၁၈ နာရီ) လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုး ခန့်မှန်းအလုံးရေ ၉၅ လုံးခန့် ထုတ်လုပ်နိုင်မည်ဖြစ် ၍ဒေသတွင်းပြည်သူများ၏ အောက်ဆီဂျင်လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။
အောင်ဝင်းငြိမ်း
(ကန့်ဘလူ)