အင်းစိန်မြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်း ၁၁၂၂၇ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီး

 

ရန်ကုန်   စက်တင်ဘာ  ၁၆


ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် မြို့နယ်၌     မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်   အထက်ရှိ သက်ကြီးဘိုးဘွားများ၊   စက်ရုံ/အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊     နိုင်ငံ့ ဝန်ထမ်းများနှင့်  မိသားစုဝင်များ အား    အင်းစိန်မြို့နယ်   ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် သတ် မှတ်ထားသော   နေရာများတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။


ထိုးနှံပေးရာတွင်  အင်းစိန်မြို့ နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့နှင့်      တာဝန်ရှိသူများက ကြီးကြပ်        စောင့်ရှောက်ခဲ့ပြီး    ပြည်သူ့    ကျန်းမာရေးဦးစီးဌာနမှ    ဒုတိယမြို့နယ်          ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး  (စီမံ/ဘဏ္ဍာ) ဒေါက်တာ  မိုးမိုးမြင့်နှင့် အခြေခံကျန်းမာရေး  ကျွမ်းကျင် ပညာရှင်များက    အဖွဲ့များခွဲ၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး လာရောက်   ထိုးနှံသူများအား ကျန်းမာရေး   စစ်ဆေးမှုများ     ဆောင်ရွက်ပြီး ကာကွယ်ဆေးထိုး နှံပေးသည်။    


ထိုသို့     ထိုးနှံပေးရာတွင်  မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း  ၁၁၂၂၇ ဦးအား  ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးနှံပေးပြီး    ဆက်လက်  ထိုးနှံလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။


ဇွဲထက်ကို (ပြန်/ဆက်)