ကျိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့

 

ကျိုင်းတုံ    စက်တင်ဘာ ၁၆


ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊   ကုသရေးကော်မတီ   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ကျိုင်းတုံမြို့ ပြည်နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက အမှာစကား ပြောကြားပြီး    ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်       ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြ ရာ တိုင်းမှူးက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်   ကူညီဆောင်ရွက်ပေးနေသည့် ကျိုင်းတုံမြို့နယ်မှ    လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများအတွက်  ကြက်ဥ အလုံး ၁၀၀၀၊ လူမှုရေးအသင်းသုံးသင်းနှင့်   မီးသတ်တပ်ဖွဲ့ဝင်များ အတွက်  ရောဂါကာကွယ်ရေးဝတ်စုံ  ၇၀၀၊  ဖျားနာ လူနာကုသမှုဆေးခန်းအတွက် ရောဂါကာကွယ်ရေး ဝတ်စုံ ၂၀၀၊ ကိုဗစ်-၁၉  ရောဂါစစ်ဆေးရေးကိရိယာ  ၂၀၀၀၊   ခွဲစိတ်ခန်းသုံးဝတ်စုံ  ၂၀၀၊ ရှမ်းအရှေ့ မြို့နယ် များအတွက် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးလေး လုံးနှင့် ကျိုင်းတုံတက္ကသိုလ်အတွက် အားဆေးများ ထောက်ပံ့ပေးအပ်သည်။


ဆက်လက်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ မှ ကျိုင်းတုံမြို့နယ်အတွင်း  ကန့်သတ်စောင့်ကြည်ရေး စင်တာ၊   ပိုးတွေ့စင်တာနှင့်     ဖျားနာလူနာကုသမှု ဆေးခန်းများတွင်    တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်    စေတနာ့ဝန်ထမ်းများအတွက် ငါးသေတ္တာ၊  ခေါက်ဆွဲခြောက်နှင့် ဆီများ   ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။


အောင်ဇင်မြင့် (ပြန်/ဆက်)