လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီးသူများအား ဖမ်းဆီးရမိ

 

နေပြည်တော် စက်တင်ဘာ  ၁၆


ပြည်သူများအကြား တယ်လီဖုန်း ဆက်သွယ်မှုနှင့် သတင်းအချက် အလက် စီးဆင်းမှုများ  လွယ်ကူ လျင်မြန်ချောမွေ့စေရေး အထောက် အကူပြုနိုင်ရန်အတွက် တပ်ဆင် တည်ဆောက်ထားရှိသည့် နိုင်ငံ တော်ပိုင်နှင့် ပုဂ္ဂလိကပိုင်  ဆက် သွယ်ရေး   တာဝါတိုင်များအား နိုင်ငံအတွင်း    ပြည်သူလူထုများ ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို   မလို လားသူ    နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက   အဆိုပါ ဆက်သွယ်ရေး    တာဝါတိုင်များ အနက် အချို့အား  မီးရှို့ဖျက်ဆီး ခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ် များအား လုပ်ဆောင်လျက်ရှိသည်။


ထိုသို့     ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ  စက်တင် ဘာ ၁၂ ရက် နံနက် ၉  နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသ ကြီး    လှည်းကူးမြို့နယ်   အောင် မင်္ဂလာရပ်ကွက်  ပြည်သာအေး တိုးချဲ့(၂)လမ်းရှိ Mytel တာဝါတိုင် အား  ဓာတ်ဆီလောင်း၍   မီးရှို့ ဖျက်ဆီးခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ ဝင်များက   အပူတပြင်းလိုက်လံ စုံစမ်းဖော်ထုတ်ခဲ့ရာ    အဆိုပါ တာဝါတိုင်အား   မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအနက် လှည်းကူးမြို့နယ် ခိုင်ရွှေဝါလမ်း ရိပ်သာရပ်ကွက်နေ ကိုကိုချစ် (ခ)ဝေဖြိုး(၂၄နှစ်)(ဘ) ဦးစောထွေး နှင့်    ပြည်တော်သာ (၄) လမ်း ပြည်တော်သာရပ်ကွက်နေ သဲအိ ဖြူ (၃၂နှစ်)   (ဘ)  ဦးသန်းဝင်း တို့အား   စက်တင်ဘာ  ၁၅   ရက် ညနေပိုင်းတွင်  ကနဦးဖမ်းဆီးရမိ ခဲ့သည်။


အဆိုပါ    ဖမ်းဆီးရမိသူများ အား စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည်  Mytel  တာဝါတိုင် မီးရှို့မှုဖြစ်စဉ်တွင်    ကိုယ်တိုင် ပါဝင်ခဲ့ပြီး NLD  ပါတီဝင်တစ်ဦး ဖြစ်သည့် စည်သူနှင့် သိန်းတန် (လှည်းကူးမြို့နယ်  NLD  ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)တို့က စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ   ဖမ်းဆီးရမိသူများ   အား တရားဥပဒေအရ ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် တာဝါ တိုင်အား မီးရှို့ဖျက်ဆီးရန် စေခိုင်း သူများအား    အမြန်ဆုံးဖမ်းဆီး ရမိရေး အပူတပြင်းစုံစမ်းဖော်ထုတ် လျက်ရှိကြောင်း       သိရသည်။


သတင်းစဉ်