ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ  ၁၆ 


အကောက်ခွန်ဦးစီးဌာနအနေဖြင့်   ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးပစ္စည်းများအား ရေကြောင်း၊   လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ   စစ်ဆေး ထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၁၆  ရက် က  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ကုမ္ပဏီရှစ်ခုမှ Trioenam ၁၂၅၀၊  Becozinc Capsule ၉၃၄၀၈ ခု၊ O-Setron Injection  ၁၄၄၀၊ Enam Tablets  ၉၅၁၈၄ ခု၊ Medixan Tablets  ၂၃၅၁၀၊  Vometa Drops  ၅၀၀၀၊ Pradaxa Capusles  ၂၈၈ ခု၊ D Claminat ၁၅ ခု၊ Oxygen Concentrator ငါးခု၊  Oximeter  ၇၅၀။


ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Regulator ၈၇၀၀၊ Oxygen Concentrator ၂၅၀၊ Oximeter ၄၈၀၊  PPE   ၅၀၀၀၀၀၊ Oxygen Cylinder ၄၄၀၊ Thermometer ၃၂၀ နှင့် ဆေးဝါးမျိုးစုံ   ၄၅ မျိုး (၁၁၇၈၁၃ ဒသမ ၉၈) Kg။


နယ်စပ်(ချင်းရွှေဟော်၊ မူဆယ်၊ မြဝတီ၊ တာချီလိတ်)တွင် ကုမ္ပဏီ ၁၃ ခုတို့မှ Oxygen Cylinder ၈၂၀၊ Oxygen Concentrator တစ်ခု၊ Mask ၁၅၇၇၂ Kg၊ Liquid Oxygen  ၁၅၀၆၈ m3၊ Oximeter ၃၀၀၊ Oxygen Plant တစ်ခု၊ Sodium Chloride Injection ၁၅၀၈၁၆ Kg၊ Vitamin-C Tablet ၁၈၃၆ Kg  တို့ကိုထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။                                                                    

သတင်းစဉ်