ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၁၆


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
 

၁၆-၉-၂၀၂၁ ရက်တွင်     ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်နယ်စပ်စခန်းလေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီကိုးခုမှ ယာဉ်စီးရေ ရှစ်စီးဖြင့် အောက်ဆီဂျင်(အရည်)(Bowser)ဖြင့် နှစ်စီး ၃၈တန်၊ အောက်ဆီဂျင်(အိုးခွံ) ၉၄၀၊ Oxygen Plant တစ်ခု၊ အိမ်သုံး Oxygen Concentrator ၂၅၆ ခု၊ PPE ဝတ်စုံ ၅၀၀၀၀၀ နှင့် နှာခေါင်းစည်း (Mask)  ၁၇ တန် တင်သွင်းခဲ့သည်။ ​ အောက်ဆီဂျင်(အရည်) (Bowser) နှစ်စီးမှာ ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ဖြစ်ပြီး Oxy-gen Plant တစ်ခုမှာ ပဲခူးတိုင်းဒေသကြီး ကဝမြို့သို့ ဖြစ်ကြောင်း သိရသည်။


ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို      ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်   SOP များနှင့်အညီ   ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက် ရှိကြောင်းနှင့်     ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီး ဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။                          

 သတင်းစဉ်