ရန်ကုန်တိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများမှ ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးရန် ကျန်ရှိသူများအား အုပ်စုသတ်မှတ်ချက်အတိုင်း ထိုးနှံပေးမည်

 

ရန်ကုန်    စက်တင်ဘာ   ၁၆


ရန်ကုန်တိုင်း   ဒေသကြီးအတွင်း ကိုဗစ်  - ၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက်      တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို  စက်တင် ဘာ ၁၄ ရက်က     တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး      မင်္ဂလာခန်းမ၌ ကျင်းပသည်။


‌ဆွေးနွေးတင်ပြ


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသ ကြီး ကိုဗစ် -၁၉ ရောဂါ  ထိန်းချုပ် ရေးနှင့်      အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ     တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးက တိုင်းဒေသကြီးအတွင်း      ရောဂါ ဖြစ်ပွားမှု  သိသိသာသာ  လျော့ နည်း    ကျဆင်းလာပြီ   ဖြစ်သော် လည်း   တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုး   လုပ်ငန်းများကို    စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ရေး တာဝန်ရှိ သူများနှင့်      တွေ့ဆုံရခြင်းဖြစ် ကြောင်း​၊   လူမှုဖူလုံရေးအာမခံ အကျုံးဝင်သည့်စက်ရုံ၊  အလုပ်ရုံ များမှဆေးထိုးရန်     ကျန်ရှိသူ အလုပ်သမားများ၊ ကာကွယ်ဆေး ထိုးနှံမည့်          ဦးတည်အုပ်စု  သတ်မှတ်ချက်အတိုင်း      စနစ် တကျ         စာရင်းကောက်ယူ၍ ဆေးထိုးပေးရန် ၊        ဆေးထိုးရာ  တွင်လည်း ယခင်ကာကွယ်ဆေးခွဲတမ်းလက်ကျန်များကို ပြီးပြတ် အောင် ထိုးနှံပေးရန်နှင့် ထပ်မံရရှိ မည့်ခွဲတမ်းများကို   ဆက်လက် ထိုးနှံပေးနိုင်ရေး     အဆင်သင့် ပြင်ဆင်ထားရန်၊   စာရင်းသွင်းရာ တွင်  မှတ်ပုံတင်မရှိသောသူများ ကို  ပန်းခင်းစီမံချက်ဖြင့်   မှတ်ပုံ တင်ပြုလုပ်ပေးရန်၊     စင်တာ -  တာဝန်ရှိသူများအနေဖြင့် စင်တာ နှင့်ဆက်စပ်သည့် အကြံပြုချက် များကို   ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။


ဝိုင်းဝန်းဆောင်ရွက်


ထို့နောက်     ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေက     တပ်မတော် အနေဖြင့်   ကိုဗစ် -၁၉ ရောဂါ      ကာကွယ်ဆေး  ထိုးနှံပေးနိုင်ရေး အတွက် တစ်ဖွဲ့လျှင် လူဦးရေ ၂၀၀ ထိုးနှံပေးနိုင်သည့်  အင်အားဖြင့် စုဖွဲ့ထားပြီး     တစ်မြို့နယ်လျှင်  ငါးဖွဲ့ဖြင့်  တစ်ရက်လျှင်  လူဦးရေ  ၄၀၀၀၀  ထိုးနှံပေးနိုင်ရေး   စီမံ ဆောင်ရွက်ခဲ့သော်လည်း မြေပြင် တွင်    ဆေးအထိုးခံမည့်သူများ  နည်းပါးနေသည်ကို   တွေ့ရှိရပါ ကြောင်း၊ သို့ဖြစ်၍ ပထမအသုတ် ပြီးပြတ်အောင် ထိုးနှံပေးနိုင်ရေး ပြည်သူလူထု  ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်    အသံချဲ့စက်များဖြင့် နှိုးဆော်ပေးရန်နှင့်   တာဝန်ရှိသူ များက   ဝိုင်းဝန်းဆောင်ရွက်ပေး ကြရန်  ပြောကြားသည်။


ဆက်လက်၍   ကိုဗစ်-၁၉ ကုသရေးစင်တာ - တာဝန်ခံများ၊ ခရိုင်ကျန်းမာရေး    ဦးစီးဌာနမှူး များ၊  ခရိုင်   ကိုဗစ် -၁၉  ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌများ၊ ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသီတာလှ နှင့် တိုင်းဒေသကြီး  ကျန်းမာရေး ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ချုပ်  ဒေါက်တာ   ထွန်းမင်းတို့က တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း    ဆောင်ရွက် နေမှုများ၊ ဆက်လက်ဆောင်ရွက်  မည့်အစီအမံများနှင့်   ကာကွယ် ဆေးထိုး     လုပ်ငန်းဆောင်ရွက်  နေမှုများကို      ရှင်းလင်းတင်ပြ ကြသည်။


ယင်းနောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်က   တိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများ  ပူးပေါင်း   ဆောင်ရွက်ကြရန်နှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် ကိစ္စရပ်များကို   ညှိနှိုင်းဖြည့်ဆည်း  ဆောင်ရွက်ပေးကြောင်း         သိရ သည်။  

ဆန်းကျော်ဦး(ပြန် /ဆက်)