လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးမူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ   ၁၆ 


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့ နံနက်ပိုင်းတွင် (၃၉)ကြိမ်မြောက်   အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ် သည့် (၁၅)ကြိမ်မြောက် အရှေ့အာရှ စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ  အစည်းအဝေးနှင့် (၁၈)ကြိမ်မြောက် အာဆီယံ + ၃ စွမ်းအင်ဆိုင်ရာဝန်ကြီးများ အစည်း အဝေးသို့ virtual  စနစ်ဖြင့်   ဆက်လက် တက်ရောက် သည်။ 


ဆွေးနွေး


(၁၅)ကြိမ်မြောက် အရှေ့အာရှစွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေးကို   လက်ရှိ  အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Dr. Awang Haji Mat Suny bin Haji  Md  Hussein က   ဆောင်ရွက်ပြီး နိုင်ငံအလိုက်တက်ရောက်လာသော စွမ်းအင်ဝန်ကြီးများနှင့်  တာဝန်ရှိသူများက   မိမိ နိုင်ငံ၏  ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် Energy transition Plan ၊ မူဝါဒ၊ စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့်            အစီအစဉ်များကို ဆွေးနွေးကြသည်။  

 
ညှိနှိုင်းဆောင်ရွက်လျက်ရှိ


ပြည်ထောင်စုဝန်ကြီး    ဦးအောင်သန်းဦးက လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား 6.7 GW ထုတ်လုပ်နေပြီး  မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊     လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအတွက်    သဘာဝဓာတ်ငွေ့အရင်း အမြစ်ကို ၅၀ ရာခိုင်နှုန်းအထိ  ဦးစားပေး  သုံးစွဲ ထုတ်လုပ်လျက်ရှိကြောင်း၊      ရေအားလျှပ်စစ်မှ  ၄၈ ရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင်မှ ၁ ရာခိုင်နှုန်း သုံးစွဲပြီး လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ National Electricity Master Plan 2014 အရ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လိုအပ်မည့် လျှပ်စစ်ဓာတ်အား   23.6  GW   ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ ရေအားလျှပ်စစ်မှ ၃၈   ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၃၃ ရာခိုင်နှုန်း ၊ သဘာဝဓာတ်ငွေ့မှ ၂၀ ရာခိုင်နှုန်းနှင့် နေစွမ်းအင်၊ လေစွမ်းအင်ကဲ့သို့သော ပြန်ပြည့်မြဲစွမ်းအင်မှ ၉ ရာခိုင်နှုန်း  အချိုးကျဖြင့် ဓာတ်အားထုတ်လုပ်သွားရန်         ရည်မှန်းထားပါ ကြောင်း၊ Natural Gas Master Plan 2017 အရ နောင်လာမည့် အနှစ် ၂၀ တွင် မြန်မာနိုင်ငံ၏ စွမ်းအင် အချိုးကျ ပါဝင်မှု (Myanmar Energy Mix)ကို ကြိုတင်ခန့်မှန်း၍     ပြည်တွင်းသဘာဝဓာတ်ငွေ့ အခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး  လျှပ်စစ်ဓာတ်အား  ၁၀၀ ရာခိုင်နှုန်း ထုတ်လုပ်ဖြန့်ဖြူး နိုင်ရေးမူဝါဒများ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ UNFCCC  နှင့် ပဲရစ် သဘောတူညီချက်များနှင့်အညီ       Nationally Determined Contribution (NDC) for Climate Change Mitigation and Adaptation ကို ၂၀၂၁ ခုနှစ်    ဩဂုတ်လတွင်   ကြေညာနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏   လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်    အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊  ထိုင်း၊  တရုတ်နှင့်  အိန္ဒိယနိုင်ငံများနှင့် Multilateral Power Trading လုပ်ဆောင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ Public Private Partnership (PPP)ကို ဦးစားပေးမြှင့်တင် အားပေး လျက်ရှိရာ မြန်မာနိုင်ငံ ဒေသအသီးသီး၌ လျှပ်စစ် ဓာတ်အား 1030 MW ထုတ်လုပ်နိုင်မည့် နေရောင် ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း (Solar Power Project) ၂၉ ခု ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုနှစ်  မေလတွင် နေရောင်ခြည် စွမ်းအင်သုံး  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံ ကိန်း (Solar Power Project)များ ဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ရာ 320 MW ထုတ်လုပ်နိုင်မည့်စီမံကိန်း ၁၂ အတွက် တင်ဒါခေါ်ယူခဲ့ကြောင်း၊ ထို့ပြင် Floating Solar ၊ Rooftop Solar၊   အသေးစားနှင့်အလတ်စား ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော် နိုင်ရေး  တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas – LNG) တင်သွင်း ဆောင်ရွက်လျက်ရှိကြောင်း၊ သမားရိုးကျ   အိမ်သုံးလောင်စာနေရာတွင်    ရေနံ ဓာတ်ငွေ့ရည် (Liquefied Petroleum Gas – LPG) အစားထိုးသုံးစွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း  ဆွေးနွေးသည်။ 


ပူးတွဲကြေညာချက်ကိုထုတ်ပြန်


(၁၅)ကြိမ်မြောက် အရှေ့အာရှစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင်   အာဆီယံစွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation-  APAEC Phase II (2021-2025)) အကောင်အထည် ဖော်ရေးအတွက်    ပံ့ပိုးကူညီပေးမည့်အစီအစဉ် များဖြစ်သည့် ဒေသတွင်းစွမ်းအင်ဖူလုံရေးနှင့် ကာဗွန် ထုတ်လွှတ်မှု    လျှော့ချရေးအတွက်    Energy Transition Plan အောင်မြင်အောင် ဆောင်ရွက် နိုင်စေရန် မဟာဗျူဟာများ၊ နည်းပညာဆိုင်ရာများ၊ စိန်ခေါ်မှုများအပေါ်  ဆွေးနွေးခဲ့ပြီး  အာဆီယံနှင့်  အရှေ့အာရှစွမ်းအင်ဆိုင်ရာ   ဝန်ကြီးများအကြား ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ 


ဆက်လက်၍ (၁၈)ကြိမ်မြောက် အာဆီယံ + ၃ စွမ်းအင်ဆိုင်ရာ    ဝန်ကြီးများအစည်းအဝေးအား ကျင်းပရာ  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်   တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများအကြား စွမ်းအင် ဖူလုံရေး၊ သဘာဝဓာတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ ပြန်ပြည့်မြဲ     စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေး၊ သန့်ရှင်း သော  စွမ်းအင်ထုတ်လုပ်သုံးစွဲနိုင်ရေး၊   မြို့ပြသုံး နျူကလီးယား စွမ်းအင်ဆိုင်ရာကိစ္စရပ်များ၊ ဟိုက်ဒရို ဂျင်နည်းပညာတို့နှင့်        ပတ်သက်သည်များကို ဆွေးနွေးခဲ့ကြပြီး   အာဆီယံနှင့်   တရုတ်၊  ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများအကြား ပူးတွဲကြေညာ ချက်ကို  ထုတ်ပြန်ခဲ့သည်။


တာဝန်ရှိသူများတက်ရောက်


အဆိုပါ  အစည်းအဝေးများသို့   အာဆီယံနှင့် အရှေ့အာရှနိုင်ငံများဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊  ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် ရုရှားနိုင်ငံများမှ       စွမ်းအင်ဆိုင်ရာဝန်ကြီးများ တက် ရောက်ကြပြီး မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦး ဦးဆောင်သည့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်