အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အား ပိုမိုကောင်းမွန်သည့် ဥပဒေ(မူကြမ်း) တစ်ရပ်ဖြစ်ပေါ်လာရေး ဘက်ပေါင်းစုံမှ ဆွေးနွေးအကြံပြု

 

နေပြည်တော်  စက်တင်ဘာ   ၁၆


အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကို  ပြင်ဆင်သည့်  ဥပဒေ (မူကြမ်း) အား   ပြန်လည်စိစစ်ရေး  ပထမအကြိမ်  ညှိနှိုင်းအစည်းအဝေးကို ယနေ့   မွန်းလွဲ  ၁   နာရီတွင် သာသနာရေးနှင့်      ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့    သာသနာ ရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဦးကိုကို၊ ဒုတိယဝန်ကြီး    ဦးအေးထွန်း၊ ဒုတိယဝန်ကြီး  ဦးထွန်းအုံ၊  အမြဲ တမ်း  အတွင်းဝန်  ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။


အစည်းအဝေးတွင်    ပြည် ထောင်စုဝန်ကြီးက    အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ဥပဒေ စတင်ပြဋ္ဌာန်း ခဲ့မှု အခြေအနေ၊ ခေတ်ကာလနှင့် အညီ ဥပဒေကို ထပ်မံပြင်ဆင်ခဲ့ သည့်   အခြေအနေများနှင့်   ယခု အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို အတည်ပြု      ပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာကော်မတီသို့ တင်ပြ ခဲ့ရာ ဥပဒေ (မူကြမ်း) ကို ပြန်လည် ထည့်သွင်း  သုံးသပ်ဆောင်ရွက် သွားရန် အစည်းအဝေးဆုံးဖြတ်ခဲ့ ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက် အရ    ဥပဒေ   (မူကြမ်း)    အား ပြန်လည်စိစစ်     သုံးသပ်ရမည့် အချက်များ၊  ပြင်ဆင်ဖြည့်စွက် ရမည့်အချက်များ ရှိသဖြင့်  ပထမ အကြိမ်    ညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊    ပိုမို ကောင်းမွန်သည့် ဥပဒေ(မူကြမ်း) တစ်ရပ်ဖြစ်ပေါ်လာရေး   လိုအပ် သည်များကို     ဘက်ပေါင်းစုံမှ သုံးသပ်၍ ဆွေးနွေးအကြံပြုကြ စေလိုကြောင်း ပြောကြားသည်။


ထို့နောက်    ခေတ္တဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမင်း ထွန်းက    ဥပဒေကို     ပြင်ဆင် ဖြည့်စွက်ခဲ့သည့် အချက်များကို  အသေးစိတ် ရှင်းလင်းတင်ပြပြီး  အစည်းအဝေးသို့ တက်ရောက်လာ သူများက ဥပဒေ(မူကြမ်း)အပေါ် အကြံပြုသုံးသပ် ဆွေးနွေးတင်ပြ ကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ      ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း    သိရ သည်။


သတင်းစဉ်