
နေပြည်တော် စက်တင်ဘာ ၁၆
(၂၃) ကြိမ်မြောက် အာဆီယံ ငွေပေးချေမှု စနစ်ဆိုင်ရာလုပ်ငန်းကော်မတီ (Working Committee On Payment and Settle-ment System – WCPSS) ကို ယမန်နေ့ နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပရာ အစည်းအဝေးတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေက စင်ကာပူဗဟိုဘဏ်နှင့် တွဲဖက်၍ Co-chair အဖြစ် ဆောင်ရွက် ပြီး၊ ဗဟို ဘဏ်မှ သက်ဆိုင်ရာ အဆင့်မြင့် အရာရှိများ၊ အရာထမ်းများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် အာဆီယံဒေသ တွင်း ဗဟိုဘဏ်များမှ ကိုယ်စားလှယ် အရာရှိများ၊ အာဆီယံအတွင်းရေးမှူး၊ အာဆီယံ ဘဏ်များအသင်း ကိုယ်စားလှယ်၊ Bank for International Settlement (BIS) ကိုယ်စားလှယ်တို့က အာဆီယံဒေသ တွင်း ငွေပေးချေမှုစနစ်များအချိန်နှင့် တစ်ပြေးညီ (Real Time) ချိတ်ဆက်ဆောင် ရွက်နိုင်ရေး၊ အာဆီယံစီးပွားရေးအသိုက် အဝန်း (၂၀၂၅) ဆိုင်ရာ Update အချက် အလက်များ၊ အာဆီယံဒေသတွင်း QR ဖြင့် အပြန်အလှန်ချိတ်ဆက် ပေးချေနိုင် မည့် Interoperable QR Code Framework၊ BIS မှ အဆိုပြုတင်ပြသည့် လက်လီငွေပေး ချေမှု များကို အချိန်နှင့်တစ်ပြေးညီ နိုင်ငံ ဖြတ်ကျော်ချိတ်ဆက် ဆောင်ရွက်နိုင်မည့် Innovative Hub စသည့် အကြောင်းအရာ များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်