တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပို့ဆောင်ဖြန့်ဖြူး

နေပြည်တော်  စက်တင်ဘာ  ၁၅


ကိုဗစ်-၁၉   ရောဂါ  ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများအား    ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို    တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာ ရေးဌာနများနှင့်    ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များပူးပေါင်း၍    အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင်   အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ ကာကွယ်ဆေး သိုလှောင်ခန်းတွင်ထားရှိ သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို      စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးသို့ တပ်မတော် လေယာဉ်များ၊  Cold Chain Delivery  Logistics  ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။


ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့ တွင် ကာကွယ်ဆေးတစ်လုံးလျှင် လူငါး ယောက်ထိုးနှံနိုင်သည့်     Sinopharm ဆေးများကို  တီးတိန်မြို့နယ်သို့  ၅၆၀၊ တွန်းဇံမြို့နယ်သို့ ၂၀၀၊ ဖလမ်းမြို့နယ်သို့ ၃၂၀၊ မတူပီမြို့နယ်သို့ ၆၈၇ လုံး၊ ကန်ပက် လက်မြို့နယ်သို့ ၈၀နှင့် မင်းတပ်မြို့နယ်သို့   ၃၀၀ တို့ကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးရာ  တာဝန်ရှိသူ များက လက်ခံရယူပြီး သက်ဆိုင်ရာနေရာ များသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။


ယင်းသို့ ပို့ဆောင်ဖြန့်ဖြူးပေးသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ၊   ဦးစားပေးအစီ အစဉ်များနှင့်အညီ        ပြည်သူများသို့ အမြန်ဆုံး    ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး  ဝေးလံခက်ခဲသော   ဒေသများသို့         တပ်မတော်(လေ)မှ    ပို့ဆောင်ရေးလေယာဉ်၊   ရဟတ်ယာဉ်များ၊    မြန်မာ့လေကြောင်းတို့၏ အကူအညီများ ရယူကာ     လေကြောင်းခရီးဖြင့်လည်း ဆက်လက်     ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။                           
သတင်းစဉ်