အရည်အသွေးမီ တန်းမြင့်ဆန်နှင့် ဆန်ကွဲ ထုတ်လုပ်ပြီး ရာနှုန်းပြည့် ပြည်ပတင်ပို့ခြင်းလုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး

ရန်ကုန်   စက်တင်ဘာ   ၁၅ 


ရန်ကုန်တိုင်းဒေသကြီး    အစိုးရ အဖွဲ့  စီးပွားရေးရာဝန်ကြီး၊  ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးအောင်သန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာစက်မှုဇုန်ရှိ  နိုင်ငံ သားပိုင်  Golden  Composure Co.,Ltd  ၏   အရည်အသွေးမီ    တန်းမြင့် ဆန်နှင့်ဆန်ကွဲထုတ်လုပ် ပြီး  ရာနှုန်းပြည့်  ပြည်ပတင်ပို့ခြင်း       လုပ်ငန်းခွင်သို့       သွားရောက်     ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးရာ တိုင်းဒေသ ကြီး    ဝန်ကြီးက    ရန်ကုန်တိုင်း ဒေသကြီး         ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့်    ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်စေရန်    ဥပဒေနှင့်အညီ  ခွင့်ပြုပေးလျက်     ရှိကြောင်း၊ ကိုဗစ်-၁၉     ရောဂါကြောင့်  အလုပ်အကိုင်      ရှားပါးနေချိန်တွင် အလုပ်အကိုင်   အခွင့်အလမ်းများ ရရှိအောင်      တိုင်းဒေသကြီး အစိုးရက  ဆောင်ရွက်ပေးလျက် ရှိကြောင်း  ပြောကြားခဲ့သည်။ 


ဆက်လက်၍  တိုင်းဒေသကြီး     ဝန်ကြီးနှင့်အဖွဲ့သည်     မှော်ဘီ မြို့နယ်  မြောင်းတကာစက်မှုဇုန် ရှိ နိုင်ငံခြားသားပိုင် Yangon Wan   Ping Garment Co.,Ltd ၏(CMP)စနစ်ဖြင့်   အဝတ်ထည်  ချုပ်လုပ် သည့်စက်ရုံသို့      သွားရောက် စစ်ဆေးခဲ့သည်။     တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်    ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့်   လစဉ်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ   စိစစ်ခြင်း၊   ခွင့်ပြုခြင်းများ ပြုလုပ် ပေးလျက်ရှိ     ပြည်တွင်းပြည်ပ  ရင်းနှီးမြှုပ်နှံမှု    လုပ်ငန်းများကို   ဥပဒေနှင့်အညီ     စိစစ်ခွင့်ပြု   ပေးလျက်ရှိကြောင်း သိရသည်။              

စောရွှေဂွန်း