အာဆီယံဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများ ဆွေးနွေး

နေပြည်တော်  စက်တင်ဘာ  ၁၅


(၃၉)ကြိမ်မြောက်  အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့်  ဆက်စပ်အစည်းအဝေးများ (39th ASEAN Ministers on Energy Meeting (AMEM)  and  Associated Meetings)  ကို စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဘရူနိုင်း နိုင်ငံမှအလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့်  ကျင်းပလျက်ရှိရာ  အဆိုပါအစည်းအဝေး များသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်သန်းဦး ပါဝင်တက်ရောက်သည်။


ဆွေးနွေး

(၃၉) ကြိမ်မြောက်  အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်    စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် သန့်စင်သောစွမ်းအင် သုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ စွမ်းအင် ခြိုးခြံချွေတာသုံးစွဲရေး၊          စွမ်းအင်ဖူလုံမှုရှိရေး၊ ပြန်ပြည့်မြဲစွမ်းအင်တိုးမြှင့်သုံးစွဲရေး၊ စွမ်းအင်သုံးစွဲမှု ဆိုင်ရာစံစနစ်များ လိုက်လျောညီထွေဖြစ်စေရေးတို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များ၊       အာဆီယံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Co-operation - APAEC Phase II (2021-2025)) အကောင် အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များ၊ အာဆီယံ စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု    ကဏ္ဍခွဲများ ဖြစ်သည့် အာဆီယံရေနံကောင်စီ၊ ကျောက်မီးသွေးနှင့် သန့်စင်သောကျောက်မီးသွေး သုံးစွဲရေးနည်းပညာ ဆိုင်ရာကဏ္ဍခွဲ၊  အာဆီယံလျှပ်စစ်စွမ်းအားဆိုင်ရာကဏ္ဍခွဲ၊ စွမ်းအင် အကျိုးရှိထိရောက်စွာ အသုံးပြုရေး နှင့်  စွမ်းအင်ခြိုးခြံချွေတာရေးကဏ္ဍခွဲ၊  ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊  ဒေသတွင်း  စွမ်းအင်မူဝါဒ နှင့် စီမံခန့်ခွဲရေးဆိုင်ရာကဏ္ဍခွဲ၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်ဆိုင်ရာကဏ္ဍခွဲ၊ အာဆီယံ စွမ်းအင်မူဝါဒ ချမှတ်သူများအဖွဲ့အစည်းကွန်ရက်နှင့်   အာဆီယံ စွမ်းအင်ဗဟိုဌာန  အဆင့်မြှင့်တင်ရေးကဏ္ဍများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဆွေးနွေးအတည်ပြုခဲ့ကြသည်။


ထည့်သွင်းကျင်းပ 


အဆိုပါအစည်းအဝေးတွင်  အာဆီယံစွမ်းအင် ဝန်ကြီးများနှင့် အမေရိကန်နိုင်ငံစွမ်းအင်ဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးပွဲကို        ထည့်သွင်းကျင်းပခဲ့ပြီး အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား စွမ်းအင် ကဏ္ဍပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများကို ဆွေးနွေးခဲ့ကြသည်။  ထို့အတူ အာဆီယံနှင့် အပြည် ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ       (International Energy Agency) အစည်းအဝေး (AMEM-IEA) ကို ဆက်လက်ကျင်းပ၍  အာဆီယံနှင့်  အပြည်ပြည် ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) တို့အကြား စွမ်းအင် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့ပြင်(၃၉) ကြိမ်မြောက်    အာဆီယံစွမ်းအင် ဆိုင်ရာဝန်ကြီးများ    အစည်းအဝေးနှင့်ဆက်စပ်၍ (၄) ကြိမ်မြောက် အရှေ့အာရှနိုင်ငံများစွမ်းအင်ဖိုရမ် 4th East Asia Energy Forum (4th EAS Energy Forum) ကို  “A Low-Carbon Energy Transition in the ASEAN Region” ခေါင်းစဉ်ဖြင့် Economic Research Institute for ASEAN and East Asia (ERIA) က ကြီးမှူးကျင်းပရာ ပြည်ထောင်စုဝန်ကြီးတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့နှင့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များ တိုးမြှင့်ရှာဖွေ သုံးစွဲ၍  ကာဗွန်လျှော့ချရေးမူဝါဒများ  ပြောင်းလဲ ချမှတ်ဆောင်ရွက်နေမှုအခြေအနေ၊ သဘာဝဓာတ်ငွေ့ နှင့် ပြန်ပြည့်မြဲစွမ်းအင် ပြောင်းလဲသုံးစွဲမှုနည်းပညာ များ၊ ဟိုက်ဒရိုဂျင်၊ အမိုးနီးယားနှင့် ကာဗွန်ဖမ်းယူအသုံးချရေးနည်းပညာများ၊ အာဆီယံနိုင်ငံများ၏ ကာဗွန်လျှော့ချရေး ရည်မှန်းချက်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။


(၃၉) ကြိမ်မြောက်  အာဆီယံစွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ ဆက်စပ်အစည်းအဝေး များအဖြစ် အရှေ့အာရှနိုင်ငံများ၏ စွမ်းအင်ဝန်ကြီး များအစည်းအဝေး (East Asia Submit Energy Ministers Meeting - EAS-EMM)၊  အာဆီယံနှင့် ဆွေးနွေးဘက်    သုံးနိုင်ငံဖြစ်သော      ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်တို့နှင့် (AMEM+3) အစည်း အဝေးများကို စက်တင်ဘာ ၁၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်း စွမ်းအင် ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  Low Carbon Transition၊ Carbon Neutrality၊ Hydrogen Tech- nology ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍  ပူးပေါင်း ဆောင်ရွက်ရေးအစီအမံများကို  ဆွေးနွေးကြမည် ဖြစ်သည်။


အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံ ၏ဆွေးနွေးဘက်နိုင်ငံများဖြစ်ကြသော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့်   အမေရိကန်နိုင်ငံတို့မှ   စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ၊        အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံစွမ်းအင်ဗဟိုဌာန (ASEAN Centre for Energy – ACE) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Inter-national Energy Agency – IEA၊ Economic Research Institute for ASEAN and East Asia - ERIA၊ International Atomic Energy Agency - IAEA၊ International Renewable Energy Agency- IRENA စသည့်   နိုင်ငံတကာအဖွဲ့အစည်းများတို့မှ ကိုယ်စားလှယ်များ၊ Energy Specialized Bodies နှင့် Sub-sector Networks တို့မှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။ 
တက်ရောက် 

(၃၉) ကြိမ်မြောက်    အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ၏       အကြိုညှိနှိုင်းအစည်းအဝေးကိုလည်း စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် အမြဲတမ်း အတွင်းဝန် ဦးသန်းဇော် ဦးဆောင်၍ ဆွေးနွေးခဲ့ပြီး ယနေ့ကျင်းပသောအစည်းအဝေးများသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ     ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ အစည်း အဝေးအသီးသီးမှ  ထုတ်ပြန်မည့်  စွမ်းအင်ဆိုင်ရာ ပူးတွဲကြေညာချက်များကို အာဆီယံစွမ်းအင်ဆိုင်ရာ ဝန်ကြီးများက အတည်ပြုခဲ့ကြကြောင်း သိရသည်။
                                       

သတင်းစဉ်