မိုင်းရယ်မြို့နယ်၌ အောက်ဆီဂျင် Plant စက် စတင်လည်ပတ်

 

မိုင်းရယ်   စက်တင်ဘာ  ၁၅


ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ် မြို့နယ်အတွင်း     ခိုဆိုင်းကျေးရွာ အုပ်စု         ရှန်တော်ကျေးရွာရှိ သံတောင်ဦးကုမ္ပဏီပိုင် ရှန်တော်  သကြားစက်ရုံအတွင်းတွင် စက်ရုံ ပိုင် အောက်ဆီဂျင် Plant စက် သည် ယမန်နေ့ ညနေပိုင်းကစတင် ပြီး လည်ပတ်လျက်ရှိသည်။


အောက်ဆီဂျင် Plant စက် သည် တစ်နာရီလျှင် အောက်ဆီဂျင် လီတာ ၄၀ အိုး ၁၀ လုံး ဖြည့်သွင်း နိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အောက်ဆီဂျင်     လိုအပ်သည့် ကျန်းမာရေးဌာန၊ ပရဟိတအသင်း အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့ များအား    အခမဲ့ထည့်သွင်းပေး သွားမည်ဖြစ်ကာ အခြားပုဂ္ဂလိက လိုအပ်သူများကိုလည်း  သက်သာ သည့် နှုန်းထားဖြင့် အောက်ဆီဂျင် ထည့်သွင်းပေးသွားမည်ဖြစ်သည်။


အဆိုပါအောက်ဆီဂျင် Plant စက်    စတင်လည်ပတ်နေမှုအား မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ  ဦးစိုးမင်းအောင်နှင့်တာဝန်ရှိသူများက    သွားရောက် ကြည့်ရှုခဲ့ပြီး    မိုင်းရယ်မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သည့် လူနာများအတွက် အားထား စရာ ဖြစ်လာမည်ဖြစ်သည်။


မိုင်းရယ်မြို့နယ်   အနေဖြင့် စက်တင်ဘာ        ၁၄    ရက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉၇ ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၇၆ ဦး၊ သေဆုံးလူနာ သုံးဦးနှင့် ဆေးရုံ တွင် ဆေးကုသမှုခံယူလျက်ရှိသူ ၁၈ ဦးရှိကြောင်း သိရသည်။


မိုင်းရယ်(ပြန်/ဆက်)