ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

နေပြည်တော်  စက်တင်ဘာ   ၁၅

 

ပြည်ပနိုင်ငံများမှ     ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်         ရှိရာ စက်တင်ဘာ ၁၄ ရက်တွင် ရှမ်း ပြည်နယ် (မြောက်ပိုင်း) မူဆယ် မြို့သို့   ပြန်လည်ဝင်ရောက်လာ သည့် အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၂ ဦး၊ ချင်းရွှေ ဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသည့်   အမျိုးသား   ခုနစ်ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ကိုးဦး နှင့် လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ     အမျိုးသမီး နှစ်ဦးတို့ကို လက်ခံခဲ့ကြသည်။


ထိုသို့            လက်ခံရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ   တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထား စာရွက် စာတမ်းများ    ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန          ၏ ညွှန်ကြားချက်များကို  ရှင်းလင်း ပြောကြားခြင်းတို့ကို  စနစ်တကျ ဆောင်ရွက်ပေးပြီး  တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့်       ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူ များအား သက်ဆိုင်ရာနေရာများ တွင်    သီးသန့်ထားရှိ၍     လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကိုအဆင်ပြေချောမွေ့အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း    သိရ သည်။                      

သတင်းစဉ်