
နေပြည်တော် စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာန များနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက် အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက် အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိတိုးချဲ့ကာကွယ်ဆေးသိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေးတစ်လုံးလျှင် လူငါးယောက် ထိုးနှံသည့် Sinopharm ဆေးများကို တီးတိန်မြို့နယ်သို့ ၅၆၀ လုံး၊ တွန်းဇံမြို့နယ်သို့ ၂၀၀ လုံး၊ ဖလမ်းမြို့နယ်သို့ ၃၂၀ လုံး၊ မတူပီမြို့နယ်သို့ ၆၈၇ လုံး၊ ကန်ပက်လက်မြို့နယ်သို့ ၈၀ လုံးနှင့် မင်းတပ်မြို့နယ်သို့ ၃၀၀ လုံးတို့ကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးရာ တာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာ နေရာများသို့ ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
ယင်းသို့ ပို့ဆောင်ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံ ခက်ခဲသောဒေသများသို့ တပ်မတော်(လေ)မှ ပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်